(unicode)
Wonder Woman (2017) မြန်မာစာတန်းထိုး
Wonder Woman (2017) မြန်မာစာတန်းထိုး
======================================
“သမိုင်းရာဇဝင်တွေ မစတင်ခင်ကာလ … ။''
“ကမ္ဘာမြေကို နတ်ဘုရားတွေစိုးမိုးခဲ့စဉ်အချိန်မှာ တန်ခိုးအကြီးဆုံး Zeus နတ်ဘုရားက လူသားတွေကို ဖန်ဆင်းခဲ့တယ်။ ဒါပေမယ့် Zeus သားတော် စစ်နတ်ဘုရား Ares ရဲ့စနက်ကြောင့် ပင်ကိုက ရဲရင့်ပြီး ကြင်နာတတ်တဲ့ ဒီလူတွေမှာ မနာလို၊ သံသယစိတ်တွေ ကြီးထွားလာပြီး ကမ္ဘာကို စစ်မီးလျံတွေ လောင်ကျွမ်းလာခဲ့တဲ့အတွက် ဒီဖြစ်ရပ်ဆိုးကိုကုစားဖို့အတွက် Zeus က Amazon လူမျိုးတွေကို ဖန်ဆင်းခဲ့ပေမယ့် Ares ကြောင့် ဒီငြိမ်းချမ်းမှူဟာလည်း ခေတ္တသာခံခဲ့တယ်။''
“တစ်လောကလုံးကို စစ်ပွဲတွေနဲ့ ဖုံးလွှမ်းစေဖို့ ကြံရွယ်ထားတဲ့ Ares က နတ်ဘုရားတွေအကုန်လုံးကို သုတ်သင်ပြီး သူ့အကြံကို အကောင်အထည်ဖော်ခါနီးမှာ Zeus ကိုယ်တိုင် ကိုယ့်ကိုယ်ကိုစတေးပြီး Ares ကို တားဆီးလိုက်ပေမယ့်၊ နောင်တစ်ချိန်မှာ Ares ပြန်ပေါ်ထွက်လာနိုင်တာကို ကြိုသိနေတဲ့အတွက် သူ့ကိုနှိမ်နင်းနိုင်မယ့် လက်နက်တစ်ခုကိုဖန်တီးပြီး Amazon လူမျိုးတွေနဲ့အတူ Themyscira ကျွန်းနိုင်ငံမှာ ဝှက်ထားခဲ့ပြီးနောက်မှာ Zeus ကံတော်ကုန်သွားတော့တယ်။”
ဒါဟာ Themyscira ကျွန်းနိုင်ငံက မင်းသမီးလေး Diana ငယ်ဘဝရဲ့ ညအိပ်ယာဝင်ပုံပြင်တွေထဲက တစ်ခု … ။ ငြိမ်းချမ်းရေးနဲ့ မေတ္တာတရားကို မျှဝေဖို့ ဖန်ဆင်းခံထားရတဲ့ Amazon တွေရဲ့ ပျိုးထောင်မှူအောက်မှာ ကြီးပြင်းလာရတဲ့ သူ့အတွက် လူဆိုတာဟာ ပင်ကိုနှလုံးသားက မြင့်မြတ်တဲ့သူတွေ …၊ ပြင်ပပယောဂကြောင့်သာ စိတ်ဓါတ်ယိုယွင်းတတ်ပြီး အချင်းချင်းခိုက်ရန်ဖြစ်ပွားတတ်ကြတာ …၊ အဲဒီလိုဖြစ်ဖို့ကလည်း တစ်ချိန်ချိန်မှာ ပြန်ပေါ်လာမယ့် စစ်နတ်ဘုရား Ares ကြောင့်ဆိုတဲ့အတွေးက စိတ်ထဲမှာသံမှိူလို ငယ်စဉ်တည်းက စွဲမြဲခဲ့တယ်။
အဲဒါကြောင့် သူ တိုက်ခိုက်ရေးပညာတွေ သင်ယူမှာကို တားမြစ်ထားတဲ့ အမေကိုယ်တိုင် လက်လျှော့ပြီး လိုက်လျောရတဲ့အထိ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့တယ်။ သူ့ရည်ရွယ်ချက်က နောင်တစ်ချိန် Ares ပြန်ပေါ်ထွက်လာတဲ့အခါ Zeus ချန်ထားခဲ့တဲ့ နတ်ဘုရားတွေကို သတ်လို့ရတဲ့ Godkiller ဓါးကိုသုံးပြီး နှိမ်နှင်းဖို့ပဲ။ ဒီလိုနဲ့ သူလည်းအရွယ်ရောက်၊ ပညာစုံခါနီးမှာတော့ Diana မသိစိတ်ထဲက မျှော်လင့်နေခဲ့တဲ့ နေ့ရက် ရောက်ရှိလာတော့တယ်။ အဲဒါကတော့ Themyscira သာမန်လူတွေ မမြင်နိုင်အောင် Zeus တန်ခိုးနဲ့လွှမ်းထားခဲ့တဲ့ အရံအတားထဲကို စစ်တိုက်လေယာဉ်တစ်စင်း ဝင်ရောက်လာပြီး သူ့မျက်စိရှေ့မှာ ပျက်ကျသွားတာကို မြင်လိုက်ရတာပဲ။
လေယာဉ်ပျက်ထဲက Steve Trevor ရဲ့အသက်ကို ကယ်လိုက်ပြီး မိန်းမတွေချည်းရှိတဲ့ဒီကျွန်းမှာ ကြီးပြင်းလာရတဲ့သူ ပထမဆုံးမြင်ဖူတဲ့ယောကျၤားသားကိုကြည့်ရင်း အံသြနေလို့မှ မဆုံးသေး … Trevor ရဲ့အနောက်ကို လိုက်လာကြတဲ့ ဂျာမန်စစ်တပ်တွေက Themyscira ထိရောက်လာကြတဲ့အခါမှာတော့ လေ့ကျင့်မှူတွေနဲ့ပဲ တစ်ဘဝတာ ဖြတ်သန်းခဲ့တဲ့ Diana စစ်ရဲ့အရသာကို ပထမဆုံးအကြိမ် ခံစားလိုက်ရတော့တယ်။
ဒီကျူးကျော်သူတွေကို နှိမ်နင်းလိုက်နိုင်ပေမယ့် Steve Trevor ကိုစစ်မေးပြီးတဲ့နောက် ပြင်ပကမ္ဘာမှာ မဆုံးနိုင်တဲ့ စစ်ပွဲကြီးတစ်ခု ဖြစ်နေတယ်ဆိုတာကို Diana တို့ သိလိုက်ရတယ်။ ဒါပေမယ့် သူ့ကို အံ့အားသင့်စေခဲ့တာက ဒီစစ်ပွဲနဲ့ပတ်သတ်ပြီး Amazon တွေအနေနဲ့ ဘာမှမလုပ်ရဘူးဆိုတဲ့ သူ့အမေ ဘုရင်မ Hippylyta ရဲ့ဆုံးဖြတ်ချက်ပဲ။ ဒီစစ်ပွဲကြောင့် အပြစ်မဲ့တဲ့လူတွေ သေကြေနေကြတာကို သိနေရက်နဲ့ …၊ ဒီလိုစစ်ပွဲဖြစ်တာ စစ်နတ်ဘုရား Ares ပြန်ပေါ်လာတာကြောင့်ဆိုတာ သိနေရက်နဲ့ … လျစ်လျူရှူထားဖို့ ဆုံးဖြတ်လိုက်တဲ့ အမေဖြစ်သူကို နားမလည်နိုင်တဲ့နောက်ဆုံး ဒီစစ်ပွဲကိုဖန်တီးနေတဲ့ Ares ကို သူတစ်ယောက်တည်း ရင်ဆိုင်ဖို့ Godkiller ဓါးကိုယူပြီး Steve Trevor နဲ့အတူ Themyscira ကျွန်းကနေ Diana ထွက်လာခဲ့တော့တယ်။
~
~
Credit -
Adblockဖြစ်ပြီးဒေါင်းမရဖြစ်နေသူများအတွက်
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
(zawgyi)
Wonder Woman (2017) ျမန္မာစာတန္းထိုး
Wonder Woman (2017) ျမန္မာစာတန္းထိုး
======================================
“သမိုင္းရာဇဝင္ေတြ မစတင္ခင္ကာလ … ။''
“ကမၻာေျမကို နတ္ဘုရားေတြစိုးမိုးခဲ့စဥ္အခ်ိန္မွာ တန္ခိုးအႀကီးဆုံး Zeus နတ္ဘုရားက လူသားေတြကို ဖန္ဆင္းခဲ့တယ္။ ဒါေပမယ့္ Zeus သားေတာ္ စစ္နတ္ဘုရား Ares ရဲ႕စနက္ေၾကာင့္ ပင္ကိုက ရဲရင့္ၿပီး ၾကင္နာတတ္တဲ့ ဒီလူေတြမွာ မနာလို၊ သံသယစိတ္ေတြ ႀကီးထြားလာၿပီး ကမၻာကို စစ္မီးလ်ံေတြ ေလာင္ကြၽမ္းလာခဲ့တဲ့အတြက္ ဒီျဖစ္ရပ္ဆိုးကိုကုစားဖို႔အတြက္ Zeus က Amazon လူမ်ိဳးေတြကို ဖန္ဆင္းခဲ့ေပမယ့္ Ares ေၾကာင့္ ဒီၿငိမ္းခ်မ္းမႉဟာလည္း ေခတၱသာခံခဲ့တယ္။''
“တစ္ေလာကလုံးကို စစ္ပြဲေတြနဲ႕ ဖုံးလႊမ္းေစဖို႔ ႀကံ႐ြယ္ထားတဲ့ Ares က နတ္ဘုရားေတြအကုန္လုံးကို သုတ္သင္ၿပီး သူ႕အႀကံကို အေကာင္အထည္ေဖာ္ခါနီးမွာ Zeus ကိုယ္တိုင္ ကိုယ့္ကိုယ္ကိုစေတးၿပီး Ares ကို တားဆီးလိုက္ေပမယ့္၊ ေနာင္တစ္ခ်ိန္မွာ Ares ျပန္ေပၚထြက္လာနိုင္တာကို ႀကိဳသိေနတဲ့အတြက္ သူ႕ကိုႏွိမ္နင္းနိုင္မယ့္ လက္နက္တစ္ခုကိုဖန္တီးၿပီး Amazon လူမ်ိဳးေတြနဲ႕အတူ Themyscira ကြၽန္းနိုင္ငံမွာ ဝွက္ထားခဲ့ၿပီးေနာက္မွာ Zeus ကံေတာ္ကုန္သြားေတာ့တယ္။”
ဒါဟာ Themyscira ကြၽန္းနိုင္ငံက မင္းသမီးေလး Diana ငယ္ဘဝရဲ႕ ညအိပ္ယာဝင္ပုံျပင္ေတြထဲက တစ္ခု … ။ ၿငိမ္းခ်မ္းေရးနဲ႕ ေမတၱာတရားကို မွ်ေဝဖို႔ ဖန္ဆင္းခံထားရတဲ့ Amazon ေတြရဲ႕ ပ်ိဳးေထာင္မႉေအာက္မွာ ႀကီးျပင္းလာရတဲ့ သူ႕အတြက္ လူဆိုတာဟာ ပင္ကိုႏွလုံးသားက ျမင့္ျမတ္တဲ့သူေတြ …၊ ျပင္ပပေယာဂေၾကာင့္သာ စိတ္ဓါတ္ယိုယြင္းတတ္ၿပီး အခ်င္းခ်င္းခိုက္ရန္ျဖစ္ပြားတတ္ၾကတာ …၊ အဲဒီလိုျဖစ္ဖို႔ကလည္း တစ္ခ်ိန္ခ်ိန္မွာ ျပန္ေပၚလာမယ့္ စစ္နတ္ဘုရား Ares ေၾကာင့္ဆိုတဲ့အေတြးက စိတ္ထဲမွာသံမွိူလို ငယ္စဥ္တည္းက စြဲၿမဲခဲ့တယ္။
အဲဒါေၾကာင့္ သူ တိုက္ခိုက္ေရးပညာေတြ သင္ယူမွာကို တားျမစ္ထားတဲ့ အေမကိုယ္တိုင္ လက္ေလွ်ာ့ၿပီး လိုက္ေလ်ာရတဲ့အထိ ျပင္းျပင္းထန္ထန္ ေလ့က်င့္ခဲ့တယ္။ သူ႕ရည္႐ြယ္ခ်က္က ေနာင္တစ္ခ်ိန္ Ares ျပန္ေပၚထြက္လာတဲ့အခါ Zeus ခ်န္ထားခဲ့တဲ့ နတ္ဘုရားေတြကို သတ္လို႔ရတဲ့ Godkiller ဓါးကိုသုံးၿပီး ႏွိမ္ႏွင္းဖို႔ပဲ။ ဒီလိုနဲ႕ သူလည္းအ႐ြယ္ေရာက္၊ ပညာစုံခါနီးမွာေတာ့ Diana မသိစိတ္ထဲက ေမွ်ာ္လင့္ေနခဲ့တဲ့ ေန႕ရက္ ေရာက္ရွိလာေတာ့တယ္။ အဲဒါကေတာ့ Themyscira သာမန္လူေတြ မျမင္နိုင္ေအာင္ Zeus တန္ခိုးနဲ႕လႊမ္းထားခဲ့တဲ့ အရံအတားထဲကို စစ္တိုက္ေလယာဥ္တစ္စင္း ဝင္ေရာက္လာၿပီး သူ႕မ်က္စိေရွ႕မွာ ပ်က္က်သြားတာကို ျမင္လိုက္ရတာပဲ။
ေလယာဥ္ပ်က္ထဲက Steve Trevor ရဲ႕အသက္ကို ကယ္လိုက္ၿပီး မိန္းမေတြခ်ည္းရွိတဲ့ဒီကြၽန္းမွာ ႀကီးျပင္းလာရတဲ့သူ ပထမဆုံးျမင္ဖူတဲ့ေယာက်ၤားသားကိုၾကည့္ရင္း အံၾသေနလို႔မွ မဆုံးေသး … Trevor ရဲ႕အေနာက္ကို လိုက္လာၾကတဲ့ ဂ်ာမန္စစ္တပ္ေတြက Themyscira ထိေရာက္လာၾကတဲ့အခါမွာေတာ့ ေလ့က်င့္မႉေတြနဲ႕ပဲ တစ္ဘဝတာ ျဖတ္သန္းခဲ့တဲ့ Diana စစ္ရဲ႕အရသာကို ပထမဆုံးအႀကိမ္ ခံစားလိုက္ရေတာ့တယ္။
ဒီက်ဴးေက်ာ္သူေတြကို ႏွိမ္နင္းလိုက္နိုင္ေပမယ့္ Steve Trevor ကိုစစ္ေမးၿပီးတဲ့ေနာက္ ျပင္ပကမၻာမွာ မဆုံးနိုင္တဲ့ စစ္ပြဲႀကီးတစ္ခု ျဖစ္ေနတယ္ဆိုတာကို Diana တို႔ သိလိုက္ရတယ္။ ဒါေပမယ့္ သူ႕ကို အံ့အားသင့္ေစခဲ့တာက ဒီစစ္ပြဲနဲ႕ပတ္သတ္ၿပီး Amazon ေတြအေနနဲ႕ ဘာမွမလုပ္ရဘူးဆိုတဲ့ သူ႕အေမ ဘုရင္မ Hippylyta ရဲ႕ဆုံးျဖတ္ခ်က္ပဲ။ ဒီစစ္ပြဲေၾကာင့္ အျပစ္မဲ့တဲ့လူေတြ ေသေၾကေနၾကတာကို သိေနရက္နဲ႕ …၊ ဒီလိုစစ္ပြဲျဖစ္တာ စစ္နတ္ဘုရား Ares ျပန္ေပၚလာတာေၾကာင့္ဆိုတာ သိေနရက္နဲ႕ … လ်စ္လ်ဴရႉထားဖို႔ ဆုံးျဖတ္လိုက္တဲ့ အေမျဖစ္သူကို နားမလည္နိုင္တဲ့ေနာက္ဆုံး ဒီစစ္ပြဲကိုဖန္တီးေနတဲ့ Ares ကို သူတစ္ေယာက္တည္း ရင္ဆိုင္ဖို႔ Godkiller ဓါးကိုယူၿပီး Steve Trevor နဲ႕အတူ Themyscira ကြၽန္းကေန Diana ထြက္လာခဲ့ေတာ့တယ္။
~
~
Credit -
Adblockျဖစ္ၿပီးေဒါင္းမရျဖစ္ေနသူမ်ားအတြက္
ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI


Post a Comment