(unicode)
Transcendence (2014)
-------------------------------
ဇာတ်လမ်းကတော့.....
Dr. Will Caster နဲ့ Evelyn တို့ ဇနီးမောင်နှံဟာ သူငယ်ချင်းဖြစ်သူ Max Waters နဲ့ အတူ sentient computer Pinn ကို တီထွင်နိုင်ခဲ့ကြပါတယ်… Pinn ဟာ သူ့ဆီမှာ ရှိတဲ့ အချက်အလက်အကုန်လုံးကို လျှင်မြန်စွာ တွက်ချက်ပြီး အဖြေထုတ်နိုင်ပေမယ့် ကိုယ်ပိုင်အသိဉာဏ် ဖြင့် စဉ်းစားဆင်ခြင်နိုင်တဲ့အဆင့်ထိတော့ မရသေးပါဘူး..နည်းပညာရပ်ဆိုင်ရာ Semena တခုမှာပဲ Will Caster ဟာ လုပ်ကြံခံခဲ့ရပြီး သူ့ရဲ့တခြားသော team တွေအကုန်လုံးလဲ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်.. အရာအားလုံးသိမြင်နိုင်တဲ့ လူသားမဟုတ်သော စက်ပစ္စည်းကို မလိုလားတဲ့ လူတစုကြောင့်ဆိုပါတော့… သူတို့ကတော့ "Revolutionary Independence From Technology" (R.I.F.T.)ပါ..
လုပ်ကြံခံရပြီးနောက်မှာ Will Caster ဟာ လအနည်းသာအသက်ရှင်နေထိုင်နိုင်တော့မှာပါ… သူလေ့လာနေတဲ့ ရှာဖွေနေတဲ့ နည်းပညာတွေအကုန်လုံးကို စွန့်လွှတ်ရတော့မယ့်အချိန်.. Pinn ကိုလဲ Sutdown လုပ်လိုက်ပါပြီ….ဒါပေမယ့် သူ့ဇနီး နဲ့ သူငယ်ချင်းဖြစ်သူတို့ကတော့ လက်မလျှော့နိုင်ခဲ့ဘူး.. Coding တွေ Password တွေ နဲ့ ပြည့်နှက်နေတဲ့ Will Caster ရဲ့ မှတ်ဉာဏ်တွေကို ချိတ်ဆက်ဖို့ကြိုးစားရင်းနဲ့ Will Caster ဟာ သေဆုံးသွားခဲ့တယ်..
ဒါပေမယ့် Will Caster ဟာ Virtual world ထဲမှာ ရှင်သန်သွားနိုင်ခဲ့ပါတယ်…. သူကိုယ်တိုင် စဉ်းစားဆင်ခြင်နိုင်တယ်… ပြင်ဆင်နိုင်တယ်… တွက်ချက်နိုင်တယ်… တီထွင်နိုင်တယ်…
ဒါကို Max Waters ကတော့ လက်မခံနိုင်ပေမယ့် Evelyn အတွက်ကတော့ အကြီးမားဆုံးသော နည်းပညာဆိုင်ရာအောင်မြင်မှုကြီးပါပဲ …
Evelyn ကိုတားဆီးရာမှ စိတ်အခန့်မသင့်ပဲစကားများပြီး Max Waters ဟာ တယောက်တည်း ထွက်လာခဲ့ရာမှ (R.I.F.T.) ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်…
R.I.F.T ရဲ့ ခေါင်းဆောင် Bree နဲ့ တွေ့ဆုံပြီးနောက် Max တယောက် R.I.F.T နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်…
တချိန်ထဲမှာပဲ Virual Human ဖြစ်နေတဲ့ Will Caster ဟာ အကြမ်းဖက်သမားတွေကို ဖော်ထုတ်သတင်းပေးတာကြောင့် R.I.F.T အတော်များများ အဖမ်းခံလိုက်ရပါတယ်..
Virtual World ထဲက လူသား Dr. Will Caster ဟာ ဇနီးဖြစ်သူ Evelyn ရဲ့ အကူအညီနဲ့ Brightwood ကို တည်ဆောက်ပြီး နည်းပညာသစ်တွေကို တီထွင်ကြံဆရင်းမှ -
ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကိုတော့ ကိုယ်တိုင်သာ ကြည့်ကြည့်ပါ..

Credit
(zawgyi)
Transcendence (2014)
-------------------------------
ဇာတ်လမ်းကတော့.....

Post a Comment