(unicode)
The Prestige (2006) Blu-Ray 6CH
---------------------------------------------
The Prestige ရုပ်ရှင်ဟာ ဒါရိုက်တာ Christopher Nolan ရိုက်ကူးခဲ့တဲ့ psychological thrillerဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ ပြသခဲ့ပါတယ် ။ ဒီရုပ်ရှင်ဟာ ကျွန်တော့်အမြင်တော့ Nolan ရဲ့ ကားတွေထဲမှာတောင် အကောင်းဆုံးဆိုတဲ့ နေရာမှာ ရှိတာပါ ၊ Nolan ရဲ့ masterpiece လို့ ပြောလို့ရပါတယ် ။ အင်မတန် လူကြိုက်များခဲ့ပြီး ရုပ်ရှင်ကို အဓိပ္ပာယ်ဖွင့်တဲ့ ပရိသတ်တွေရဲ့ အယူအဆ တွေ အများအပြားထွက်ပေါ်ခဲ့တဲ့ ရုပ်ရှင်ပါ။

ဆက်လက်ဖော်ပြမှာတွေက ကျွန်တော့ရဲ့ ကိုယ်ပိုင်အမြင် အဓိပ္ပါယ်ဖွင့်မှု ဖြစ်ပါတယ်။ (မကြည့်ရသေးသူများ ဆက်မဖတ်ပါရန်၊ Spoiler တွေ ပါနိုင်ပါတယ်)ဇာတ်လမ်းကတော့ မျက်လှည့်ပညာရှင် ၂ယောက်ရဲ့ တစ်ယောက်နဲ့ တစ်ယောက် အားပြိုင်မှုအပေါ်မှာ အခြေခံထားတာပါ။
၁၉ရာစုနှောင်းပိုင်း လန်ဒန်မှာ အခြေတည်ထားတဲ့ ဒီဇာတ်လမ်းမှာ Robert Angier အဖြစ် Hugh Jackman နဲ့ Alfred Bordenအဖြစ် Christian Bale တို့က သရုပ်ဆောင်ထားပါတယ်။ ဒီနေရာမှာ ကျွန်တော့်အမြင်အရ The Prestige ဟာ ဇာတ်လမ်းကောင်းတို့ ထုံးစံအတိုင်း သူတို့ကြားက ပြိုင်ဆိုင်မှုကို အခြေခံထားပေမဲ့ ရုပ်ရှင်ရဲ့ ဆိုလိုရင်းက လူ ၂ယောက်ကြားက ပြိုင်ဆိုင်မှု ဆိုတာထက်ပိုပါတယ်။ဒီဇာတ်လမ်းမှာ Angier က မိဘချမ်းသာသလို သူကောင်းမျိုးကနေ ဆင်းသက်လာသူဖြစ်ပြီး
Borden ကတော့ ပါရမီရှင်ဖြစ်တာ ဉာဏ်ကောင်းတာကလွဲရင် တခြားဘာမှ မရှိသူပါ။ မျက်လှည့်ပညာကို ရူးသွပ်တာ တူပေမယ့် သူတို့ရဲ့ အားသာချက်တွေက မတူပါဘူး။ အဲ့ဒီ အားသာချက်တွေရဲ့ အားပြိုင်မှုကိုအဓိက ပြချင်တာလို့ပဲ ထင်ပါတယ်။ သူတို့ ၂ယောက်ရဲ့ မျက်လှည့်ပြရာမှာသုံးတဲ့ နာမည်တွေကလည်း ဒါကို ထင်ဟပ်နေပါတယ်။ ပါရမီရှင်ဖြစ်တဲ့
Borden ရဲ့ နာမည်က The professor ဖြစ်ပြီး၊ နောက်ခံအခြေအနေအားကောင်းတဲ့ Angier ကတော့ The Great Danton ဖြစ်နေပါတယ်။ ပညာ နဲ့ ဥစ္စာတို့ရဲ့ အားပြိုင်တဲ့ပွဲမှာ နောက်ဆုံး ပညာရှင်ဖြစ်တဲ့ Borden က လှလှပပ အနိုင်ယူသွားပုံရယ်၊ ပါရမီ နဲ့ ပတ်ဝန်းကျင်အထောက်အပံ့တို့ အားပြိုင်ရာမှာ ပါရမီရှင်က အနိုင်ယူသွားပုံကို ပြထားတာပါ။
ဇာတ်လမ်းတစ်လျှောက်မှာလည်း Borden ဆင်တဲ့အကွက်ထဲမှာ Angier လိုက်ကနေရတာက ပိုများပါတယ်။ ဒီနေရာမှာ ချီးကျူးရမှာက အဲ့လိုပညာ နဲ့ ဥစ္စာရဲ့ အားပြိုင်မှု ပြကွက်အဖြစ် Tesla နဲ့ Edison တို့ကြားက အားပြိုင်မှုကိုပါ ဇာတ်လမ်းနဲ့လျော်ညီအောင် ကြားထဲမှာ ပါးပါးလေးထည့်ပြနိုင်သွားတာကိုပါ။ ဒါပေမဲ့ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်က
Angier နဲ့ Borden ၂ယောက်ဟာ ဘယ်သူဆိုးတယ် ဘယ်သူကောင်းတယ်ဆိုတာကို လုံးဝဆုံးဖြတ်ပေးထားတာ မရှိပါဘူး။ ရုပ်ရှင်ကြည့်တဲ့သူတွေကပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ တက်ကျမ်းဆန်ဆန် အယူအဆတွေ ကြီးစိုးနေတဲ့ အခုအချိန်မှာ
The Prestige ဟာ တက်ကျမ်းဆရာတွေကို ပြောင်ပြနေပါတယ်။ တစ်ခါတစ်ရံမှာ ကြိုးစားတိုင်းလည်း ပါရမီရှင်တွေလို မဖြစ်နိုင်ဘူးဆိုတဲ့ ခါးသီးတဲ့ အမှန်တရားကို ပြထားပါတယ်။ တက်ကျမ်းတွေ၊ လူပြိန်းကြိုက် ဘဝအောင်မြင်ရေးစကားတွေ life coach တွေ
NLP တွေ ဖောင်းပွနေတဲ့ ၂၁ရာစု ကမ္ဘာကြီးကို ကောင်းကောင်းကြီး သရော်ထားတယ်လို့ပဲ မြင်ပါတယ်။ ဒါကတော့ ကျွန်တော့်အမြင်ပါ။ ဒီကားကို ကြည့်မိတဲ့သူတိုင်း ပြီးသွားတဲ့အချိန်မယ် စိတ်ထဲမှာ ကိုယ့်အတွေးနဲ့ကိုယ် စဉ်းစားစရာတွေ အများကြီးနဲ့ ကျန်ခဲ့မယ်ဆိုတာတော့ အသေအချာပါပဲ။အညွှန်းကိုတော့ Datshin မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်
Translator -- Loar
Encoder -- K#/4nt_M1nn_K0
Encoder -- K#/4nt_M1nn_K0
Credit
မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ
👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1
👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1
(zawgyi)
The Prestige (2006) Blu-Ray 6CH
---------------------------------------------
The Prestige ႐ုပ္ရွင္ဟာ ဒါရိုက္တာ Christopher Nolan ရိုက္ကူးခဲ့တဲ့ psychological thrillerျဖစ္ၿပီး ၂၀၀၆ ခုႏွစ္မွာ ျပသခဲ့ပါတယ္ ။ ဒီ႐ုပ္ရွင္ဟာ ကြၽန္ေတာ့္အျမင္ေတာ့ Nolan ရဲ႕ ကားေတြထဲမွာေတာင္ အေကာင္းဆုံးဆိုတဲ့ ေနရာမွာ ရွိတာပါ ၊ Nolan ရဲ႕ masterpiece လို႔ ေျပာလို႔ရပါတယ္ ။ အင္မတန္ လူႀကိဳက္မ်ားခဲ့ၿပီး ႐ုပ္ရွင္ကို အဓိပၸာယ္ဖြင့္တဲ့ ပရိသတ္ေတြရဲ႕ အယူအဆ ေတြ အမ်ားအျပားထြက္ေပၚခဲ့တဲ့ ႐ုပ္ရွင္ပါ။

ဆက္လက္ေဖာ္ျပမွာေတြက ကြၽန္ေတာ့ရဲ႕ ကိုယ္ပိုင္အျမင္ အဓိပၸါယ္ဖြင့္မႈ ျဖစ္ပါတယ္။ (မၾကည့္ရေသးသူမ်ား ဆက္မဖတ္ပါရန္၊ Spoiler ေတြ ပါနိုင္ပါတယ္)ဇာတ္လမ္းကေတာ့ မ်က္လွည့္ပညာရွင္ ၂ေယာက္ရဲ႕ တစ္ေယာက္နဲ႕ တစ္ေယာက္ အားၿပိဳင္မႈအေပၚမွာ အေျခခံထားတာပါ။
၁၉ရာစုႏွောင္းပိုင္း လန္ဒန္မွာ အေျခတည္ထားတဲ့ ဒီဇာတ္လမ္းမွာ Robert Angier အျဖစ္ Hugh Jackman နဲ႕ Alfred Bordenအျဖစ္ Christian Bale တို႔က သ႐ုပ္ေဆာင္ထားပါတယ္။ ဒီေနရာမွာ ကြၽန္ေတာ့္အျမင္အရ The Prestige ဟာ ဇာတ္လမ္းေကာင္းတို႔ ထုံးစံအတိုင္း သူတို႔ၾကားက ၿပိဳင္ဆိုင္မႈကို အေျခခံထားေပမဲ့ ႐ုပ္ရွင္ရဲ႕ ဆိုလိုရင္းက လူ ၂ေယာက္ၾကားက ၿပိဳင္ဆိုင္မႈ ဆိုတာထက္ပိုပါတယ္။ဒီဇာတ္လမ္းမွာ Angier က မိဘခ်မ္းသာသလို သူေကာင္းမ်ိဳးကေန ဆင္းသက္လာသူျဖစ္ၿပီး
Borden ကေတာ့ ပါရမီရွင္ျဖစ္တာ ဉာဏ္ေကာင္းတာကလြဲရင္ တျခားဘာမွ မရွိသူပါ။ မ်က္လွည့္ပညာကို ႐ူးသြပ္တာ တူေပမယ့္ သူတို႔ရဲ႕ အားသာခ်က္ေတြက မတူပါဘူး။ အဲ့ဒီ အားသာခ်က္ေတြရဲ႕ အားၿပိဳင္မႈကိုအဓိက ျပခ်င္တာလို႔ပဲ ထင္ပါတယ္။ သူတို႔ ၂ေယာက္ရဲ႕ မ်က္လွည့္ျပရာမွာသုံးတဲ့ နာမည္ေတြကလည္း ဒါကို ထင္ဟပ္ေနပါတယ္။ ပါရမီရွင္ျဖစ္တဲ့
Borden ရဲ႕ နာမည္က The professor ျဖစ္ၿပီး၊ ေနာက္ခံအေျခအေနအားေကာင္းတဲ့ Angier ကေတာ့ The Great Danton ျဖစ္ေနပါတယ္။ ပညာ နဲ႕ ဥစၥာတို႔ရဲ႕ အားၿပိဳင္တဲ့ပြဲမွာ ေနာက္ဆုံး ပညာရွင္ျဖစ္တဲ့ Borden က လွလွပပ အနိုင္ယူသြားပုံရယ္၊ ပါရမီ နဲ႕ ပတ္ဝန္းက်င္အေထာက္အပံ့တို႔ အားၿပိဳင္ရာမွာ ပါရမီရွင္က အနိုင္ယူသြားပုံကို ျပထားတာပါ။
ဇာတ္လမ္းတစ္ေလွ်ာက္မွာလည္း Borden ဆင္တဲ့အကြက္ထဲမွာ Angier လိုက္ကေနရတာက ပိုမ်ားပါတယ္။ ဒီေနရာမွာ ခ်ီးက်ဴးရမွာက အဲ့လိုပညာ နဲ႕ ဥစၥာရဲ႕ အားၿပိဳင္မႈ ျပကြက္အျဖစ္ Tesla နဲ႕ Edison တို႔ၾကားက အားၿပိဳင္မႈကိုပါ ဇာတ္လမ္းနဲ႕ေလ်ာ္ညီေအာင္ ၾကားထဲမွာ ပါးပါးေလးထည့္ျပနိုင္သြားတာကိုပါ။ ဒါေပမဲ့ ဒီ႐ုပ္ရွင္ရဲ႕ ထူးျခားခ်က္က
Angier နဲ႕ Borden ၂ေယာက္ဟာ ဘယ္သူဆိုးတယ္ ဘယ္သူေကာင္းတယ္ဆိုတာကို လုံးဝဆုံးျဖတ္ေပးထားတာ မရွိပါဘူး။ ႐ုပ္ရွင္ၾကည့္တဲ့သူေတြကပဲ ဆုံးျဖတ္ရမွာ ျဖစ္ပါတယ္။ႀကိဳးစားရင္ ဘာမဆိုျဖစ္နိုင္တယ္ဆိုတဲ့ တက္က်မ္းဆန္ဆန္ အယူအဆေတြ ႀကီးစိုးေနတဲ့ အခုအခ်ိန္မွာ
The Prestige ဟာ တက္က်မ္းဆရာေတြကို ေျပာင္ျပေနပါတယ္။ တစ္ခါတစ္ရံမွာ ႀကိဳးစားတိုင္းလည္း ပါရမီရွင္ေတြလို မျဖစ္နိုင္ဘူးဆိုတဲ့ ခါးသီးတဲ့ အမွန္တရားကို ျပထားပါတယ္။ တက္က်မ္းေတြ၊ လူၿပိန္းႀကိဳက္ ဘဝေအာင္ျမင္ေရးစကားေတြ life coach ေတြ
NLP ေတြ ေဖာင္းပြေနတဲ့ ၂၁ရာစု ကမၻာႀကီးကို ေကာင္းေကာင္းႀကီး သေရာ္ထားတယ္လို႔ပဲ ျမင္ပါတယ္။ ဒါကေတာ့ ကြၽန္ေတာ့္အျမင္ပါ။ ဒီကားကို ၾကည့္မိတဲ့သူတိုင္း ၿပီးသြားတဲ့အခ်ိန္မယ္ စိတ္ထဲမွာ ကိုယ့္အေတြးနဲ႕ကိုယ္ စဥ္းစားစရာေတြ အမ်ားႀကီးနဲ႕ က်န္ခဲ့မယ္ဆိုတာေတာ့ အေသအခ်ာပါပဲ။အၫႊန္းကိုေတာ့ Datshin မွကူးယူေဖာ္ျပထားျခင္းျဖစ္ပါတယ္
Translator -- Loar
Encoder -- K#/4nt_M1nn_K0
Encoder -- K#/4nt_M1nn_K0
Credit
မေဒါင္းတတ္ရင္ ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ
👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1
👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1

Post a Comment