(unicode)
Commando 3 (2019)
================
Commando 3 (2019)
================
Commando 3 အကြည်တက်လာလို့ အမြန်ဆုံး တင်ဆက်ပေးလိုက်ပါတယ်။
အိန္ဒိယ လုံခြုံရေး အဖွဲ့ဝင် တပ်သား ကာရန်ဟာ တာဝန်တစ်ခုနဲ့ လန်ဒန်ကို စေလွှတ်ခံခဲ့ရတယ်။
အိန္ဒိယမှာ အကြမ်းဖက်တိုက်ခိုက်မှု တစ်ခု ရှိလာတော့မယ်ဆိုတာကို ရဲဌာနက အတိအကျသိထားတယ်။
ဒါကို စုံစမ်းစစ်ဆေးလိုက်ရာမှာတော့ တရားခံဟာ လန်ဒန်မှာ အခြေချနေသူဖြစ်ကြောင်း ရိပ်စားမိတယ်။
ဒီအတွက် ကာရန်နဲ့အတူ အေးဂျင့်တစ်ယောက်ရယ်၊ လန်ဒန်အခြေစိုက် အေးဂျင့်နှစ်ယောက်ရယ် ဒီစစ်ဆင်ရေးကို အတုတကွ လုပ်ဆောင်ဖို့ ဖြစ်လာပါတယ်။
အကြမ်းဖက်ခေါင်းဆောင်ကလည်း ပါးနပ်တယ်။
ခြေတစ်လှမ်းစီအသာစီးရဖို့ သူပြိုင်ကိုယ်ပြိုင် ကြိုးစားကြရမှာတော့.....
---- -------------------- -- ---------
ဒီဇာတ်ကားဟာ ကြည့်ရှုရသူအဖို့ ပျင်းစရာ မကောင်းဘဲ တစ်ကွက်ချင်း စိတ်ဝင်စားစရာကောင်းနေတာတော့ အကြိုက်တွေ့မိပါတယ်။
အကြမ်းဖက်သမားကို မျက်ဝါးထင်ထင် မြင်နေရပေမဲ့ အကြမ်းဖက်သမားရဲ့ လုပ်ရပ်တွေကလည်း ပိရိတယ်။
ကြည့်ရှုသူကို အားရစေမယ့် ဇာတ်သိမ်းခန်းကို သဘောအကျဆုံးပါပဲ။
တစ်ခုပါပဲ။ ဘာသာပြန်ရတာ တော်တော် ဆိုးပါတယ်။ စာတွေက ဝေ့ဝိုက်တယ်လို့ခေါ်မလားပဲ။
ဒါကြောင့် ဝေါဟာရကို ရှာဖွေရေးသားရာမှာ အားမရတာမျိုး ဖြစ်သွားရင် ကြိုတင်တောင်းပန်ပါတယ်။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူကတော့ Nyi Nyi Koe ပဲဖြစ်ပါတယ်။
Translated by Nyi Nyi Koe
Encoded by Thanhtike Zaw
Encoded by Thanhtike Zaw
Credit - CM
(zawgyi)
Commando 3 (2019)
================
Commando 3 (2019)
================
---- -------------------- -- ---------
Credit - CM
Post a Comment