(unicode)
Tomb Rider (2018)
===================
Tomb Rider (2018)
===================
မြန်မာစာတန်းထိုး
==============
==============
ရုပ်ရှင်ချစ်သူတော်တော်များများက Tomb Raider လာရာခရော့ဖ်ဆိုရင် အိန်ဂျလီနာဂျိုလီ ကိုပြေးမြင်မိကြမှာပါ။
လာရာခရောဖ့်ရဲ့မူရင်းကတော့ ၁၉၉၆မှာ ဂိမ်းအနေနဲ့စတင်ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဂိမ်းကအရမ်းကိုအောင်မြင်ခဲ့တာကြောင့်မလို့လဲ
ရုပ်ရှင်အနေနဲ့လည်းရိုက်ကူးခဲ့တာပါ။ လာရာခရော့ဖ်ဂိမ်း ဇာတ်ကောင်က ယနေ့အချိန်ထိဆိုရင် ဂင်းနစ်စံချိန် ခြောက်ခုနဲ့ အခြားဆုပေါင်းများစွာကိုပိုင်ဆိုင်ထားပါတယ်။ Walk of Game မှာလည်း ကြယ်တစ်ပွင့်ရရှိထားပါတယ် ။
2001ခုနှစ်မှာထွက်ခဲ့တဲ့ Tomb Raider ဇာတ်ကားမှာတော့ ဂျိုလီက လာရာခရော့ဖ်အဖြစ်ပါဝင်ထားပါတယ်။ ဂိမ်းကို ၂၀၁၃မှာ reboot ပြန်လုပ်ခဲ့ပြီး အဲ့ဂိမ်းပေါ်အခြေခံပြီးတော့၂၀၁၈မှာတော့ ဒီ Tomb Raider ရုပ်ရှင်အသစ်ကို ထုတ်လုပ်ခဲ့ပါတယ်။
ဒီ ၂၀၁၈ Tomb Raider မှာတော့ မင်းသမီးလေး အလီစီယာ ဗီကန်ဒါက လာရာခရော့ဖ်အနေနဲ့ ပါဝင်ထားပါတယ်။ အလီစီယာရဲ့လာရာနဲ့ ဂျိုလီရဲ့လာရာက ကွဲပြားမှုတွေရှိပါတယ်။ ဂျိုလီ့ရဲ့လာရာက အရွယ်ရောက်ပြီးသား၊ရင့်ကျက်တဲ့လာရာ၊ အောင်မြင်ပြီးသား ကြွယ်ဝချမ်းသာတဲ့ တိုက်ရည်ခိုက်ရည်လည်း အပြည့်ရှိတဲ့လာရာပါ။
အခု အလီစီယာရဲ့လာရာကတော့ ဆယ်ကျော်သက်လေးလာရာ၊ ဖခင်ရဲ့ကြွယ်ဝမှုတွေရှိပေမဲ့ အမွေတွေကို မယူဘဲ ကိုယ့်ဝမ်းကိုယ်ရှာနေတဲ့ ဆင်းရဲတဲ့လာရာ၊ ဘောက်ဆင် ကစားပေမဲ့ တိုက်ခိုက်ရည်အရမ်းမပြည့်ဝသေးတဲ့လာရာပါ။ မင်းသမီးလေး အလီစီယာကလည်း အရင်ကတိုက်ခိုက်တဲ့ကားမျိုးတွေ တစ်ခါမှမရိုက်ဘူးလို့ ဒီကားအတွက် ထရိန်နင်တွေပြင်းပြင်းထန်ထန်နဲ့ ကြိုးစားထားပါတယ်။ စတန့်တွေကိုလည်း လူစားမထိုးဘဲ သူမကိုယ်တိုင်လုပ်ထားတာမို့ အားပေးသင့်တဲ့ ကားလေးပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ လာရာရဲ့ ဖခင်က ဂျပန်မှာပျောက်ဆုံးသွားတာခုနစ်နှစ်ရှိပါပြီ။ လာရာက ဖခင်သေပြီဆိုတာ လက်မခံပဲ အမွေတွေကိုလဲလွှဲပြောင်းမယူခဲ့ပါဘူး။ တစ်နေ့မှာတော့ လာရာကသူ့အဖေရဲ့ ဂျပန်ဘုရင်မဟီမီကိုအကြောင်းလေ့လာထားတာကိုတွေ့ခဲ့ပါတယ်။ သူမအဖေက စာရွက်စာတမ်းတွေကိုဖျက်ဆီးပစ်ပါလို့ မှာခဲ့ပေမယ် ခရော့ဖ်သွေးအပြည့်ရှိတဲ့ လာရာက အဲ့စာရွက်စာတမ်းတွေသုံးပြီး သူ့အဖေကိုရှာပုံတော်ဖွင့်ခဲ့ပါတယ်။ ဒါပေမဲ့ကိစ္စတွေက ဖခင်ရှာပုံတော်ထက်ပိုပြီးရှုပ်ထွေးလာတဲ့အခါ ၊ ဟီမီကိုရဲ့ စွမ်းအားတွေကို လိုချင်နေတဲ့ တခြားအဖွဲ့တွေကလည်း ရှိနေတဲ့အခါ လာရာက ဘာတွေလုပ်မလဲ ၊သူ့အဖေကရော ခုနစ်နှစ်တောင်အိမ်ပြန်မလာတာ သူထင်သလိုရော အသက်ရှင်နေပါ့မလားဆိုတာ ဇာတ်လမ်းလေးထဲမှာ အားလုံးကြည့်ရှူခံစားပေးကြပါဦးနော်။

အညွှန်းနဲ့ဘာသာပြန်ပေးတဲ့သူကတော့ Rashida ပဲဖြစ်ပါတယ်။
Translated By Rashida And Encoded By Lin Htike Aung
Imdb - 6.8/10
Credit - mmsu
Adblockဖြစ်ပြီးဒေါင်းမရဖြစ်နေသူများအတွက်
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
(zawgyi)
Tomb Rider (2018)
===================
Tomb Rider (2018)
===================
ျမန္မာစာတန္းထိုး
==============
==============
႐ုပ္ရွင္ခ်စ္သူေတာ္ေတာ္မ်ားမ်ားက Tomb Raider လာရာခေရာ့ဖ္ဆိုရင္ အိန္ဂ်လီနာဂ်ိဳလီ ကိုေျပးျမင္မိၾကမွာပါ။
လာရာခေရာဖ့္ရဲ႕မူရင္းကေတာ့ ၁၉၉၆မွာ ဂိမ္းအေနနဲ႕စတင္ထြက္ရွိခဲ့တာျဖစ္ပါတယ္။ ဂိမ္းကအရမ္းကိုေအာင္ျမင္ခဲ့တာေၾကာင့္မလို႔လဲ
႐ုပ္ရွင္အေနနဲ႕လည္းရိုက္ကူးခဲ့တာပါ။ လာရာခေရာ့ဖ္ဂိမ္း ဇာတ္ေကာင္က ယေန႕အခ်ိန္ထိဆိုရင္ ဂင္းနစ္စံခ်ိန္ ေျခာက္ခုနဲ႕ အျခားဆုေပါင္းမ်ားစြာကိုပိုင္ဆိုင္ထားပါတယ္။ Walk of Game မွာလည္း ၾကယ္တစ္ပြင့္ရရွိထားပါတယ္ ။
2001ခုႏွစ္မွာထြက္ခဲ့တဲ့ Tomb Raider ဇာတ္ကားမွာေတာ့ ဂ်ိဳလီက လာရာခေရာ့ဖ္အျဖစ္ပါဝင္ထားပါတယ္။ ဂိမ္းကို ၂၀၁၃မွာ reboot ျပန္လုပ္ခဲ့ၿပီး အဲ့ဂိမ္းေပၚအေျခခံၿပီးေတာ့၂၀၁၈မွာေတာ့ ဒီ Tomb Raider ႐ုပ္ရွင္အသစ္ကို ထုတ္လုပ္ခဲ့ပါတယ္။
ဒီ ၂၀၁၈ Tomb Raider မွာေတာ့ မင္းသမီးေလး အလီစီယာ ဗီကန္ဒါက လာရာခေရာ့ဖ္အေနနဲ႕ ပါဝင္ထားပါတယ္။ အလီစီယာရဲ႕လာရာနဲ႕ ဂ်ိဳလီရဲ႕လာရာက ကြဲျပားမႈေတြရွိပါတယ္။ ဂ်ိဳလီ့ရဲ႕လာရာက အ႐ြယ္ေရာက္ၿပီးသား၊ရင့္က်က္တဲ့လာရာ၊ ေအာင္ျမင္ၿပီးသား ႂကြယ္ဝခ်မ္းသာတဲ့ တိုက္ရည္ခိုက္ရည္လည္း အျပည့္ရွိတဲ့လာရာပါ။
အခု အလီစီယာရဲ႕လာရာကေတာ့ ဆယ္ေက်ာ္သက္ေလးလာရာ၊ ဖခင္ရဲ႕ႂကြယ္ဝမႈေတြရွိေပမဲ့ အေမြေတြကို မယူဘဲ ကိုယ့္ဝမ္းကိုယ္ရွာေနတဲ့ ဆင္းရဲတဲ့လာရာ၊ ေဘာက္ဆင္ ကစားေပမဲ့ တိုက္ခိုက္ရည္အရမ္းမျပည့္ဝေသးတဲ့လာရာပါ။ မင္းသမီးေလး အလီစီယာကလည္း အရင္ကတိုက္ခိုက္တဲ့ကားမ်ိဳးေတြ တစ္ခါမွမရိုက္ဘူးလို႔ ဒီကားအတြက္ ထရိန္နင္ေတြျပင္းျပင္းထန္ထန္နဲ႕ ႀကိဳးစားထားပါတယ္။ စတန႔္ေတြကိုလည္း လူစားမထိုးဘဲ သူမကိုယ္တိုင္လုပ္ထားတာမို႔ အားေပးသင့္တဲ့ ကားေလးပဲျဖစ္ပါတယ္။
ဇာတ္လမ္းအက်ဥ္းကေတာ့ လာရာရဲ႕ ဖခင္က ဂ်ပန္မွာေပ်ာက္ဆုံးသြားတာခုနစ္ႏွစ္ရွိပါၿပီ။ လာရာက ဖခင္ေသၿပီဆိုတာ လက္မခံပဲ အေမြေတြကိုလဲလႊဲေျပာင္းမယူခဲ့ပါဘူး။ တစ္ေန႕မွာေတာ့ လာရာကသူ႕အေဖရဲ႕ ဂ်ပန္ဘုရင္မဟီမီကိုအေၾကာင္းေလ့လာထားတာကိုေတြ႕ခဲ့ပါတယ္။ သူမအေဖက စာ႐ြက္စာတမ္းေတြကိုဖ်က္ဆီးပစ္ပါလို႔ မွာခဲ့ေပမယ္ ခေရာ့ဖ္ေသြးအျပည့္ရွိတဲ့ လာရာက အဲ့စာ႐ြက္စာတမ္းေတြသုံးၿပီး သူ႕အေဖကိုရွာပုံေတာ္ဖြင့္ခဲ့ပါတယ္။ ဒါေပမဲ့ကိစၥေတြက ဖခင္ရွာပုံေတာ္ထက္ပိုၿပီးရႈပ္ေထြးလာတဲ့အခါ ၊ ဟီမီကိုရဲ႕ စြမ္းအားေတြကို လိုခ်င္ေနတဲ့ တျခားအဖြဲ႕ေတြကလည္း ရွိေနတဲ့အခါ လာရာက ဘာေတြလုပ္မလဲ ၊သူ႕အေဖကေရာ ခုနစ္ႏွစ္ေတာင္အိမ္ျပန္မလာတာ သူထင္သလိုေရာ အသက္ရွင္ေနပါ့မလားဆိုတာ ဇာတ္လမ္းေလးထဲမွာ အားလုံးၾကည့္ရႉခံစားေပးၾကပါဦးေနာ္။

အၫႊန္းနဲ႕ဘာသာျပန္ေပးတဲ့သူကေတာ့ Rashida ပဲျဖစ္ပါတယ္။
Translated By Rashida And Encoded By Lin Htike Aung
Imdb - 6.8/10
Credit - mmsu
Adblockျဖစ္ၿပီးေဒါင္းမရျဖစ္ေနသူမ်ားအတြက္
ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
Post a Comment