(unicode)
Savita Damodar Paranjpe (2018)
=========================
Savita Damodar Paranjpe (2018)
=========================
စိတ်ဆိုတဲ့ အရာဟာ သိပ်ကိုဆန်းကျယ်တယ်
အထူးသဖြင့် တမလွန်ကူးပြောင်းနေတဲ့ စပ်ကြားအချိန်တွေမှာပေါ့
ရုတ်တရက် ကား တိုက်သေသွားလို့
မကျွတ်လွတ်နိုင်တဲ့ နာနာဘာဝတွေ အကြောင်းကြားဖူးမှာပါ
စွဲလမ်းမှုလေးတစ်ခုကြောင့် ဘယ်ဘုံဘဝမှ
မကူးနိုင်ပဲ အဲ့စွဲလမ်းမှုလေးနောက်တကောက်ကောက် လိုက်နေရတဲ့
သူတို့ဘဝကသေချာစဉ်းစား ကြည့်ရင်ကြောက်ဖို့ကောင်းပေမယ့်လို့
သနားစရာပါ ကဲ ဇာတ်လမ်းလေးကတော့ ရှာရတ်ဆိုတဲ့
စာရေးဆရာတစ်ယောက်မှာ သူသိပ်ချစ်တဲ့
ဇနီးသည်လေးရှိတယ်ပေါ့ အဲ့ဇနီးသည်နဲ့
သူညအိပ်ပြီဆိုတိုင်းတစ်ခုမ ဟုတ်တစ်ခုကဖြစ်တော့တာပဲ
အဆိုးဆုံး ကတော့ သူ့မိန်းမဗိုက်တွေထထအောင့် တတ်တာပဲ
ဆေးတွေလဲစုံ သမားတော်တွေ လဲ စုံပြီးကြံရာမရတော့တဲ့
ရှာရတ်ကြီး တစ်ယောက် သူ့အမျိုးထဲက
အရွှတ်ခ်ဆိုတဲ့ သူငယ်ကိုသွားသတိရမိလေရဲ့
အရွှတ်ခ်ကဗေဒင်နက္ခတ်လက္ခဏာဗေဒတွေကို
အတိုင်းတာတစ်ခုထိလိုက်စားဖူးထားတာကိုး
အရွှတ်ခ်နဲ့သူ့မရီးဖြစ်သူ ပေးတွေ့ပြီးနောက် ပိုင်
မြုပ်ကွယ်နေတဲ့ ဇာတ်လမ်းတစ်ပုဒ်
ဘယ်လိုဖြစ်လာမလဲဆိုတာတော့ ကိုယ့်ဘာသာပဲ download လုပ်ပြီး
ကြည့်ရှုခံစားကြည့်ကြပါ ဒီဇာတ်ကားလေးဟာ thriller ဆိုတာထက် drama ဘက်ကို
ပိုအလေးပေးသွားမယ့်ကားပါ ကုလားကားဆိုတဲ့အတိုင်း
သီချင်းတွေကတော့ပြောစရာမရှိဘူး plot ကလဲ twist ဖြစ်မလိုလိုနဲ့ နဲနဲပေါ့တယ်မြင် မိတယ်
ဒါကတော့ personal view ပါသရဲကားဆိုတာထက်
drama ဘက်ကိုပိုဇောင်းပေးထားလို့ ထူးထူးခြားခြားခြောက်လှန့်တာတွေတွေ့ရမှာမဟုတ်ပါဘူး
ဇာတ်လမ်းကရှည်ပေမယ့် ပျင်းဖို့တော့မကောင်းဘူး
တစ်ကားလုံးစိတ်ဝင်တစားနဲ့ကြည့်သွားရမယ်
တကယ်လဲ စိတ်ဝင်စားဖို့ကောင်းပါတယ် ending ပိုင်းမှာတော့
သရဲကားတိုင်းနဲ့မတူတဲ့ ending ပါ
သူ့ဟာနဲ့သူတော့ အတော်လေးအဆင်ပြေ တဲ့ကားပါ
ဒါ့ကြောင့် လဲ IMDb မယ် rating 7.8 ရထားတာပေါ့
နောက်ပိုင်းသရဲကား တွေမှာ အခုလို
ကွဲထွက်တာလေးတွေပိုပို တွေ့လာရပါတယ်
မတူညီတဲ့ရသနှစ်ခုကို တပြိုင်တည်းခံစားချင်သူတွေအတွက်
သေးထွက်အောင်ကြောက်စရာမကောင်း တဲ့
သရဲကားကောင်းကောင်းကြည့်ချင်တဲ့
သူတွေအတွက်တော့ လက်မလွှတ်သင့် တဲ့ကားပါ
ဒီရုပ်ရှင်ကားကို Hein Thet Naing က ဘာသာပြန်ပေးထားပြီး
အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
Credit - CM
Adblockဖြစ်ပြီးဒေါင်းမရဖြစ်နေသူများအတွက်
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
(zawgyi)
Savita Damodar Paranjpe (2018)
=========================
Savita Damodar Paranjpe (2018)
=========================
Credit - CM
👇👇👇👇
👇👇👇👇
Post a Comment