Adsm

Latest Movies :
Home » » Raatchasi (2019)

Raatchasi (2019)


(unicode)
Raatchasi (2019)
=============
ပညာရေးမှာ ပြစ်ချက်တစ်ခုရှိလာရင် အကြောင်းပြချက်က မလုံလောက်တဲ့ ဆရာ/မ အင်အားနဲ့ စနစ်ဆိုး..
ဒါတွေဟာ လက်ညှိုးထိုးပြစရာ။ ဘယ်အစိုးရမှ လောက်ငှတဲ့ ငွေပမာဏမပေးမထားတော့ ဝန်ထမ်းတွေလည်း အပြင်စီးပွားရှာတယ်။
အထက်လူကြီးတွေက အာဏာရပါတီကဆိုပြီး မြို့တိုင်းမှာ ပါတီအလံလွှင့်ထူဖို့လောက် ကျောင်းတွေမှာ လစ်လပ်နေတာကို သူတို့ စိတ်မဝင်စားဘူး။
မဲဆွယ်တုန်းခဏပဲ ပြည်သူကို ကြည့်ကြတာပါ။
အဲ့ဒီလို မြို့မျိုးမှာဆို လူသတ်မှုလည်း ထွန်းကားတယ်ဗျ။
ဒီကျောင်းက ထူးဆန်းတယ်။
ကျောင်းမှာ ရာထူးအကြီးဆုံးက ဘဲကြီးက နှာဘူးထတယ်။
ဆရာမတွေကို ရိုသေလေးစားမှုမရှိ။
ကျောင်း အထွေထွေလုပ်သားတွေက အစ လက်မှတ်ထိုးပြီး အိမ်ပြန်စီးပွားလုပ်တယ်။
ဆရာမတွေဟာ ကျောင်းသားတွေရဲ့ အနာဂတ်ထက် ပါးပေါ်က မိတ်ကပ်မပျက်ဖို့ ပိုဂရုစိုက်တယ်။
ကလေးတွေရဲ့ စာဖတ်သံထက် နားထောင်နေတဲ့ နားကြပ်က သီချင်းသံကို ပိုကြားရဖို့ အာရုံစိုက်တယ်။
ဆရာတွေက အရည်အချင်းမရှိဘဲ သင်ပြနေသူတွေ။
ခေတ်နောက်ကျန်ခဲ့ပြီး ခေတ်သစ်ပညာရေးနဲ့အလှမ်းဝေးနေသူတွေ။
ရာထူးတိုးဖို့ လစာတိုးဖို့ပဲ အာရုံစိုက်ပြီး ကိုယ်ကိုယ်တိုင် မသိတဲ့ စာတွေကို ကလေးတွေရှေ့ ဖြီးဖြန်းတယ်။
သချၤာဆရာက သချၤာရဲ့ အကျိုးကျေးဇူးကို မသိ။
သမိုင်းဆရာက သူပြောမှ သမိုင်းတွေ အသစ်ပေါ်လာ။
ဓာတုဗေဒဆရာက လက်တွေ့ခန်းမမြင်ဖူး။
အင်္ဂလိပ်ဆရာက ကိုယ်ကိုယ်တိုင် အင်္ဂလိပ်လိုမပြောတတ်။
ရာထူးနောက်ကို လိုက်ပြီး အရည်အချင်းမပြည့်ဝတဲ့ ဒီလို ဆရာတွေ။
"ကျောင်းသားတွေကို စာမေးပွဲနဲ့ အမှတ်ပေး အရည်အချင်းစစ်၊အတန်းတင်ပေးကြပေမဲ့ ဘယ်ဆရာ/မကိုမှ အရည်အချင်းစစ်တာမျိုးမှ မရှိဘဲ
" ကာယဆရာကတော့ ဗိုက်ရွှဲရွှဲနဲ့။ သူ့ပုံစံက အချိန်ပြည့် နားနေခန်းမှာ စားသောက်ဇိမ်ယစ်လွန်းလို့ ဝပြဲနေတဲ့ပုံနဲ့။
ကျောင်းပတ်ဝန်းကျင် အိမ်တွေက ကျောင်းခြံထဲကို အမှိုက်ပစ်ချတယ်။
ကျောင်းအနီးမှာ ဆေးလိပ်ကွမ်းယာ ရောင်းနေကြတာလည်း ရှိတယ်။
ခြံစည်းရိုးအအပြင်ဘက် ခိုးထွက်နေတဲ့ ကလေးတွေကို တားဆီးမယ့်သူ မရှိ။
ဒီလို ကျောင်းဆိုးမျိုး.... အဲ့လိုစနစ်ပျက်နေတဲ့ ခပ်ဆိုးဆိုး ကျောင်းကို... ခုတော့ 'သူမ' ရောက်လာခဲ့ပါပြီ။
ကျောင်းကို သူမ ဘယ်လို စီမံမလဲ။
ဒီကျောင်းရဲ့ပညာရေးကို ဘယ်လို ကောင်းမွန်အောင် လုပ်မလဲ။
ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ သူက ဘာလို့ ဒီကျောင်းကိုမှ ရွေးချယ်ခဲ့လဲ ဆိုတာကို စိတ်ဝင်တစား ကြည့်စေမိမှာပါ။
-----------------------------------------------
တေလဂူးအချစ်ကားလေးတွေပဲ တင်နေပြီး တမီးလ်ကားမတင်တာ ကြာပါပြီ။
ဒါပေမဲ့ ဒီဇာတ်ကားကတော့ တက်လာလို့ အစမ်းကြည့်ရင်းနဲ့ အကြိုက်တွေ့လို့ ဘာသာပြန်ခဲ့ပါတယ်။
ဒီဇာတ်ကားဟာ ပညာရေးလောကသားတွေ၊ ဆရာ/မတွေတင် မဟုတ်ဘဲ အားလုံး ကြည့်သင့်တယ်လို့ထင်ပါတယ်။
ပညာရေးနယ်ပယ်ထဲ အဆိုးဆုံးတွေကို တွန်းလှန်တဲ့ မိန်းမတစ်ယောက်ရဲ့ ပညာရေးဦးစားပေး ဇာတ်ကားတစ်ကားပါ။
ကိုယ်ဖြတ်သန်းလာခဲ့ရတဲ့ ပညာရေးစနစ်ကို လည်ပြန်ကြည့်မိရင်ပဲဖြစ်ဖြစ်၊ ရသတစ်ခုခု ရစေရင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ တင်ပေးရကျိုးနပ်ပါပြီ။
ကျွန်တော် ဒီဇာတ်ကားကို ကြည့်ပြီးချိန်မှာ ကိုယ်ဟာ ကျောင်းဆရာတစ်ယောက်ဖြစ်ပေမဲ့ ကျောင်းဆရာ အရည်အချင်း ရှိရဲ့လားဆိုပြီး မေးမိပါတယ်။ ေ
တာ်တော်လေးတောင် ရှက်မိပါတယ်။
(မှတ်ချက်- အထက်ပါ ရေးသားချက်များသည် ဇာတ်လမ်းတွင်းမှ အဖြစ်အပျက်များ ဖြစ်ပြီး မည်သည့်ဌာန၊မည်သည့်အဖွဲ့အစည်းကိုမှ မထိခိုက်စေလိုပါ)
IMDb Rating - 7.8/10
Google Users - 95% Genere - Drama
အညွှန်းနဲ့ မြန်မာမှု ပြုထားကြသူတွေကတော့ ညီညီကိုးနဲ့ မြင့်သူတို့ ညီအစ်ကိုပါ။
Translated by Nyi Koe And Myint Thu
Encoded by THZ




Credit _ CM




File size - 1GB
ဒီမှာဒေါင်းပါ - https://mm1ink.net/suwx4






File size - 655MB
ဒီမှာဒေါင်းပါ - https://mm1ink.net/zBmC






မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ
👇👇👇👇👇👇👇👇
https://youtu.be/pJtOvyJ-aSs





Adblockဖြစ်ပြီးဒေါင်းမရဖြစ်နေသူများအတွက်
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI







(zawgyi)
Raatchasi (2019)
=============
ပညာေရးမွာ ျပစ္ခ်က္တစ္ခုရွိလာရင္ အေၾကာင္းျပခ်က္က မလုံေလာက္တဲ့ ဆရာ/မ အင္အားနဲ႕ စနစ္ဆိုး..
ဒါေတြဟာ လက္ညွိုးထိုးျပစရာ။ ဘယ္အစိုးရမွ ေလာက္ငွတဲ့ ေငြပမာဏမေပးမထားေတာ့ ဝန္ထမ္းေတြလည္း အျပင္စီးပြားရွာတယ္။
အထက္လူႀကီးေတြက အာဏာရပါတီကဆိုၿပီး ၿမိဳ႕တိုင္းမွာ ပါတီအလံလႊင့္ထူဖို႔ေလာက္ ေက်ာင္းေတြမွာ လစ္လပ္ေနတာကို သူတို႔ စိတ္မဝင္စားဘူး။
မဲဆြယ္တုန္းခဏပဲ ျပည္သူကို ၾကည့္ၾကတာပါ။
အဲ့ဒီလို ၿမိဳ႕မ်ိဳးမွာဆို လူသတ္မႈလည္း ထြန္းကားတယ္ဗ်။
ဒီေက်ာင္းက ထူးဆန္းတယ္။
ေက်ာင္းမွာ ရာထူးအႀကီးဆုံးက ဘဲႀကီးက ႏွာဘူးထတယ္။
ဆရာမေတြကို ရိုေသေလးစားမႈမရွိ။
ေက်ာင္း အေထြေထြလုပ္သားေတြက အစ လက္မွတ္ထိုးၿပီး အိမ္ျပန္စီးပြားလုပ္တယ္။
ဆရာမေတြဟာ ေက်ာင္းသားေတြရဲ႕ အနာဂတ္ထက္ ပါးေပၚက မိတ္ကပ္မပ်က္ဖို႔ ပိုဂ႐ုစိုက္တယ္။
ကေလးေတြရဲ႕ စာဖတ္သံထက္ နားေထာင္ေနတဲ့ နားၾကပ္က သီခ်င္းသံကို ပိုၾကားရဖို႔ အာ႐ုံစိုက္တယ္။
ဆရာေတြက အရည္အခ်င္းမရွိဘဲ သင္ျပေနသူေတြ။
ေခတ္ေနာက္က်န္ခဲ့ၿပီး ေခတ္သစ္ပညာေရးနဲ႕အလွမ္းေဝးေနသူေတြ။
ရာထူးတိုးဖို႔ လစာတိုးဖို႔ပဲ အာ႐ုံစိုက္ၿပီး ကိုယ္ကိုယ္တိုင္ မသိတဲ့ စာေတြကို ကေလးေတြေရွ႕ ၿဖီးျဖန္းတယ္။
သခ်ၤာဆရာက သခ်ၤာရဲ႕ အက်ိဳးေက်းဇူးကို မသိ။
သမိုင္းဆရာက သူေျပာမွ သမိုင္းေတြ အသစ္ေပၚလာ။
ဓာတုေဗဒဆရာက လက္ေတြ႕ခန္းမျမင္ဖူး။
အဂၤလိပ္ဆရာက ကိုယ္ကိုယ္တိုင္ အဂၤလိပ္လိုမေျပာတတ္။
ရာထူးေနာက္ကို လိုက္ၿပီး အရည္အခ်င္းမျပည့္ဝတဲ့ ဒီလို ဆရာေတြ။
"ေက်ာင္းသားေတြကို စာေမးပြဲနဲ႕ အမွတ္ေပး အရည္အခ်င္းစစ္၊အတန္းတင္ေပးၾကေပမဲ့ ဘယ္ဆရာ/မကိုမွ အရည္အခ်င္းစစ္တာမ်ိဳးမွ မရွိဘဲ
" ကာယဆရာကေတာ့ ဗိုက္႐ႊဲ႐ႊဲနဲ႕။ သူ႕ပုံစံက အခ်ိန္ျပည့္ နားေနခန္းမွာ စားေသာက္ဇိမ္ယစ္လြန္းလို႔ ဝၿပဲေနတဲ့ပုံနဲ႕။
ေက်ာင္းပတ္ဝန္းက်င္ အိမ္ေတြက ေက်ာင္းၿခံထဲကို အမွိုက္ပစ္ခ်တယ္။
ေက်ာင္းအနီးမွာ ေဆးလိပ္ကြမ္းယာ ေရာင္းေနၾကတာလည္း ရွိတယ္။
ၿခံစည္းရိုးအအျပင္ဘက္ ခိုးထြက္ေနတဲ့ ကေလးေတြကို တားဆီးမယ့္သူ မရွိ။
ဒီလို ေက်ာင္းဆိုးမ်ိဳး.... အဲ့လိုစနစ္ပ်က္ေနတဲ့ ခပ္ဆိုးဆိုး ေက်ာင္းကို... ခုေတာ့ 'သူမ' ေရာက္လာခဲ့ပါၿပီ။
ေက်ာင္းကို သူမ ဘယ္လို စီမံမလဲ။
ဒီေက်ာင္းရဲ႕ပညာေရးကို ဘယ္လို ေကာင္းမြန္ေအာင္ လုပ္မလဲ။
ဘယ္လိုအခက္အခဲေတြ ရင္ဆိုင္ရမလဲ သူက ဘာလို႔ ဒီေက်ာင္းကိုမွ ေ႐ြးခ်ယ္ခဲ့လဲ ဆိုတာကို စိတ္ဝင္တစား ၾကည့္ေစမိမွာပါ။
-----------------------------------------------
ေတလဂူးအခ်စ္ကားေလးေတြပဲ တင္ေနၿပီး တမီးလ္ကားမတင္တာ ၾကာပါၿပီ။
ဒါေပမဲ့ ဒီဇာတ္ကားကေတာ့ တက္လာလို႔ အစမ္းၾကည့္ရင္းနဲ႕ အႀကိဳက္ေတြ႕လို႔ ဘာသာျပန္ခဲ့ပါတယ္။
ဒီဇာတ္ကားဟာ ပညာေရးေလာကသားေတြ၊ ဆရာ/မေတြတင္ မဟုတ္ဘဲ အားလုံး ၾကည့္သင့္တယ္လို႔ထင္ပါတယ္။
ပညာေရးနယ္ပယ္ထဲ အဆိုးဆုံးေတြကို တြန္းလွန္တဲ့ မိန္းမတစ္ေယာက္ရဲ႕ ပညာေရးဦးစားေပး ဇာတ္ကားတစ္ကားပါ။
ကိုယ္ျဖတ္သန္းလာခဲ့ရတဲ့ ပညာေရးစနစ္ကို လည္ျပန္ၾကည့္မိရင္ပဲျဖစ္ျဖစ္၊ ရသတစ္ခုခု ရေစရင္ပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔ တင္ေပးရက်ိဳးနပ္ပါၿပီ။
ကြၽန္ေတာ္ ဒီဇာတ္ကားကို ၾကည့္ၿပီးခ်ိန္မွာ ကိုယ္ဟာ ေက်ာင္းဆရာတစ္ေယာက္ျဖစ္ေပမဲ့ ေက်ာင္းဆရာ အရည္အခ်င္း ရွိရဲ႕လားဆိုၿပီး ေမးမိပါတယ္။ ေ
တာ္ေတာ္ေလးေတာင္ ရွက္မိပါတယ္။
(မွတ္ခ်က္- အထက္ပါ ေရးသားခ်က္မ်ားသည္ ဇာတ္လမ္းတြင္းမွ အျဖစ္အပ်က္မ်ား ျဖစ္ၿပီး မည္သည့္ဌာန၊မည္သည့္အဖြဲ႕အစည္းကိုမွ မထိခိုက္ေစလိုပါ)
IMDb Rating - 7.8/10
Google Users - 95% Genere - Drama
အၫႊန္းနဲ႕ ျမန္မာမႈ ျပဳထားၾကသူေတြကေတာ့ ညီညီကိုးနဲ႕ ျမင့္သူတို႔ ညီအစ္ကိုပါ။
Translated by Nyi Koe And Myint Thu
Encoded by THZ




Credit _ CM




File size - 1GB
ဒီမွာေဒါင္းပါ - https://mm1ink.net/suwx4






File size - 655MB
ဒီမွာေဒါင္းပါ - https://mm1ink.net/zBmC






မေဒါင္းတတ္ရင္ ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ
👇👇👇👇👇👇👇👇
https://youtu.be/pJtOvyJ-aSs





Adblockျဖစ္ၿပီးေဒါင္းမရျဖစ္ေနသူမ်ားအတြက္
ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI







Share this article :

Post a Comment

The Dustwalker (2019)

(unicode) The Dustwalker (2019) လူသူအရောက်အပေါက်နည်းပြီး လူဦးရေလည်းနည်းတဲ့ မြို့ငယ်လေးတမြို့ကို နောက်ခံထားပြီးရိုက်ထားတဲ့ဇာတ်ကားပါ။ မ...

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Channel [2] - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger