Adsm

Latest Movies :
Home » » The Legend of Tarzan (2016)

The Legend of Tarzan (2016)


(unicode)
The Legend of Tarzan (2016)
---------------------------------------
ဒီတစ်ပတ်အတွက် ပရိသတ်တွေကြည့်ဖို့ ဖော်ပြပေးမှာကတော့ဝါနာဘရားသားစ်ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဖြန့်ချိထားတဲ့ စွန့်စားခန်း အက်ရှင်ဇာတ်ကား The Le−gend of Tarzan ပါ။ တာဇံလို့ဆိုလိုက်တာနဲ့ ငယ်ငယ်ကတည်းက ရင်းနှီးခဲ့တဲ့ တောတွင်းသားလေးတာဇံကို မျက်စိထဲပြေးမြင်ပြီး ဇာတ်လမ်းကိုပါတစ်ခါတည်း တွေးမိကြမှာပါ။ အခု ဇာတ်လမ်းကတော့ တောတွင်းသားဘဝကနေ လူသားတစ်ယောက်အဖြစ် ရပ်တည်သွား တဲ့ တာဇံတစ်ယောက်တောတွင်း ကို ပြန်လာစရာအကြောင်းဖန် လာတဲ့အခါမှာ ကြုံတွေ့ရမယ့် အဖြစ်အပျက်တွေကို ဇာတ်အိမ် တည်ထားတာမို့ အသစ်အဆန်း ဖြစ်စေမှာ သေချာပါတယ်။
တောတွင်းသား တာဇံဟာ အာဖရိကကနေထွက်ခွာပြီး လော့ဒ်ဂရေးစတုတ် (ဂျွန်ကလေတန် III) အဖြစ်နဲ့ အမေရိကန်မင်းစိုးမျိုးနွယ်ဝင်ဇနီး ဂျိန်းပေါ်တာနဲ့အတူ ဗစ်တိုးရီးယားအင်္ဂလန်ကို ပြောင်းနေခဲ့တာ ဆယ်စုနှစ်တစ်ခုနီးပါးကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလောက်အချိန်ကြာခဲ့ပေမယ့်လည်း လူထုကြားထဲမှာ တာဇံနဲ့ ပတ်သက်တဲ့ ပြောစမှတ်တွေရှိနေဆဲမို့ ဂျွန်ဟာသူ့ရဲ့  အတိတ်ဇာတ်ကြောင်းကို  မေ့ပျောက်သွားစေချင်နေခဲ့ပါတယ်။ ဘာလင်ကွန်ဖရင့်ရဲ့ ဆုံး ဖြတ်ချက်အရ ကွန်ဂိုကို ဘယ်လ် ဂျီယမ်နဲ့ ဗြိတိန်တို့ တစ်ဝက်စီပိုင် ဆိုင်ဖို့ဖြစ်လာခဲ့ရာမှာ ဘယ်လ်ဂျီ ယမ်ဟာ ကွန်ဂိုထွက်ရှိမယ့် သယံ ဇာတတွေကို အပိုင်ကြံဖို့ ရည်ရွယ် ချက်နဲ့ ပြုပြင်တည်ဆောက်မှုတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။
ဘယ်လ်ဂျီယံဘုရင်လီယို ပိုလ် II ဟာ ကွန်ဂိုမှာ ဘယ်လ်ဂျီ ယမ်ရဲ့ ဆောင်ရွက်ချက်တွေကို အသိပေးချင်တဲ့အတွက် ကွန်ဂို မြစ်နားက ဆိပ်ကမ်းမြို့ ဘိုမာကို လာဖို့ ဗြိတိန်ဝန်ကြီးချုပ်ကနေ တစ်ဆင့် ဂျွန်ကိုဖိတ်ကြားခဲ့ပေ မယ့် ဂျွန်က ငြင်းပယ်ခဲ့ပါတယ်။ အမေရိကန်သံတမန်တစ်ယောက်ဖြစ်တဲ့ ဂျော့ချ်ဝါရှင်တန်ဝီလျံဟာ ဂျွန်က တာဇံဖြစ်တယ်ဆိုတာ သိ ထားတဲ့အတွက် ဘယ်လ်ဂျီယမ် တွေဟာ ကွန်ဂိုမှာ မသင်္ကာစရာ တွေလုပ်နေတဲ့ အကြောင်းပြောပြ ခဲ့ပြီး ဖိတ်ကြားမှုကို လက်ခံဖို့ တိုက်တွန်းခဲ့ပါတယ်။
ကွန်ဂိုခရီးစဉ်ဟာ အန္တရာယ် များတဲ့အတွက် ဂျွန်က ဂျိန်းကို မ လိုက်စေချင်ပေမယ့်လည်း နောက် ဆုံးမှာတော့ ဂျွန်၊ ဂျိန်းနဲ့ ဝီလျံတို့ သုံးယောက်အတူသွားခဲ့ကြပါ တယ်။ အဲဒီနောက် အာဖရိကမျိုး နွယ်စုရွာလေးတစ်ရွာကို ရောက်ခဲ့ပြီး ညဘက်တစ်ရွာလုံးအိပ်မော ကျနေတုန်း ဘယ်လ်ဂျီယံသံတ မန်ရွမ်နဲ့ ကြေးစားစစ်သားတွေ ဟာ ရွာကိုဝင်စီးပြီး ဂျွန်နဲ့ ဂျိန်းကို ပြန်ပေးဆွဲဖို့ လုပ်ခဲ့ကာ ဂျိန်းနဲ့ ရွာ သားအချို့ကို ဖမ်းသွားခဲ့ပါတော့ တယ်။နောက်ရက်မှာတော့ ရွာသားတွေအကူအညီနဲ့ ဂျွန်နဲ့ ဝီလျံတို့ဟာ ဘယ်လ်ဂျီယံ စစ်တပ်က ရထားပေါ်ခိုးလိုက်သွားတဲ့အခါ ရထားတွဲထဲမှာ လူတွေဖမ်းခေါ် လာတာတွေ့ခဲ့တာမို့ ဘုရင်လီယို ပိုလ်ရဲ့ အကြံအစည်တွေကိုသိခဲ့ ရုံတင်မက ရွမ်ဟာ စိန်တွေရောင်း ပြီး ကွန်ဂိုကို ထိန်းချုပ်နိုင်ဖို့ စစ် တပ်အားချဲ့ထွင်ဖို့ လုပ်နေတာ တွေပါသိရှိခဲ့ပါတော့တယ်။ ဂျွန်နဲ့ ဝီလျံတို့ ခရီးဆက်ကြတဲ့အခါ တောထဲမှာ ဂျွန်ရဲ့ မျောက်ဝံညီအစ်ကို အကတ်နဲ့ ဆုံခဲ့ပြီး အကတ်က မျောက်ဝံခေါင်းဆောင်ဖြစ်နေတာပါ။ အဲဒီနောက် ဂျွန်နဲ့ အကတ်တို့ရင်ဆိုင်တိုက်ခိုက်ကြရာမှာ ဂျွန် ရှုံးနိမ့်ခဲ့ပါတယ်။
ဂျိန်းကလည်း ရွမ်လက်က လွတ်အောင်ထွက်ပြေးရင်း မျောက်ဝံအုပ်ထဲကို ရောက်သွားတာ ကြောင့် ရွမ်ရဲ့ လူတွေက မျောက်ဝံတွေအများကြီးကို သေနတ်နဲ့ပစ် သတ်ခဲ့ပါတယ်။ ဂျွန်ဟာ ကျန်တဲ့ မျောက်ဝံတွေကို ကယ်ဆယ်ခဲ့ပြီး အကတ်နဲ့လည်း ပြန်လည်အဆင် ပြေခဲ့ပါတယ်။ ကွန်ဂိုကို အပိုင်ကြံ ဖို့ လုပ်နေတဲ့ လီယိုပိုလ်ရဲ့ မသမာမှုတွေကို ဘယ်လိုဖော်ထုတ်မှာ လဲ။ ကွန်ဂိုကို ထိန်းချုပ်မယ့် တပ် တွေကို ဘယ်လိုနှိမ်နင်းမှာလဲ။ ဂျွန်က တာဇံအဖြစ် ဇာတ်သိမ်းမလား၊ ဂျွန်ကလေတန်အဖြစ် ဇာတ်သိမ်း မှာလားဆိုတာတော့ ကိုယ်တိုင်ပဲ ဇာတ်လမ်းအရသာအပြည့်အဝခံ စားရင်း ဆက်ကြည့်ဖို့ ညွှန်းပေး လိုက်ပါတယ်။
ဒီဇာတ်ကားမှာ တာဇံ၊ ဂျွန် ကလေတန် III၊ လော့ဒ်ဂရေးစ တုတ်အဖြစ် အလက်ဇန္ဒားစကားစ်ဂတ်၊ ဂျိန်းပေါ်တာအဖြစ် မာဂေါ့ ရော်ဘီ၊ ဂျော့ချ်ဝါရှင်တန်ဝီလျံအ ဖြစ် ဆင်မြူရယ်အယ်လ်ဂျက်ဆင် တို့က ခေါင်းဆောင်ပါဝင်ထားကြ ပါတယ်။
အညွှန်းကိုတော့ 7daydaily မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။
File Size – 1.74 GB
Quality- BluRay 1080p 6CH
Running Time – 1hr 49min
Format – mkv
Genre – Action, Adventure, Drama
Translator – Ye Thway Aung
Encoder – K#/4nt_M1nn_K0




Credit






File size -1.75GB
ဒီမှာဒေါင်းပါ-https://mm1ink.info/j1XjCcU










မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ
👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1
   













(zawgyi)
The Legend of Tarzan (2016)
---------------------------------------
ဒီတစ္ပတ္အတြက္ ပရိသတ္ေတြၾကည့္ဖို႔ ေဖာ္ျပေပးမွာကေတာ့ဝါနာဘရားသားစ္႐ုပ္ရွင္ထုတ္လုပ္ေရးကေန ျဖန႔္ခ်ိထားတဲ့ စြန႔္စားခန္း အက္ရွင္ဇာတ္ကား The Le−gend of Tarzan ပါ။ တာဇံလို႔ဆိုလိုက္တာနဲ႕ ငယ္ငယ္ကတည္းက ရင္းႏွီးခဲ့တဲ့ ေတာတြင္းသားေလးတာဇံကို မ်က္စိထဲေျပးျမင္ၿပီး ဇာတ္လမ္းကိုပါတစ္ခါတည္း ေတြးမိၾကမွာပါ။ အခု ဇာတ္လမ္းကေတာ့ ေတာတြင္းသားဘဝကေန လူသားတစ္ေယာက္အျဖစ္ ရပ္တည္သြား တဲ့ တာဇံတစ္ေယာက္ေတာတြင္း ကို ျပန္လာစရာအေၾကာင္းဖန္ လာတဲ့အခါမွာ ႀကဳံေတြ႕ရမယ့္ အျဖစ္အပ်က္ေတြကို ဇာတ္အိမ္ တည္ထားတာမို႔ အသစ္အဆန္း ျဖစ္ေစမွာ ေသခ်ာပါတယ္။
ေတာတြင္းသား တာဇံဟာ အာဖရိကကေနထြက္ခြာၿပီး ေလာ့ဒ္ဂေရးစတုတ္ (ဂြၽန္ကေလတန္ III) အျဖစ္နဲ႕ အေမရိကန္မင္းစိုးမ်ိဳးႏြယ္ဝင္ဇနီး ဂ်ိန္းေပၚတာနဲ႕အတူ ဗစ္တိုးရီးယားအဂၤလန္ကို ေျပာင္းေနခဲ့တာ ဆယ္စုႏွစ္တစ္ခုနီးပါးၾကာျမင့္ခဲ့ၿပီ ျဖစ္ပါတယ္။ ဒီေလာက္အခ်ိန္ၾကာခဲ့ေပမယ့္လည္း လူထုၾကားထဲမွာ တာဇံနဲ႕ ပတ္သက္တဲ့ ေျပာစမွတ္ေတြရွိေနဆဲမို႔ ဂြၽန္ဟာသူ႕ရဲ႕  အတိတ္ဇာတ္ေၾကာင္းကို  ေမ့ေပ်ာက္သြားေစခ်င္ေနခဲ့ပါတယ္။ ဘာလင္ကြန္ဖရင့္ရဲ႕ ဆုံး ျဖတ္ခ်က္အရ ကြန္ဂိုကို ဘယ္လ္ ဂ်ီယမ္နဲ႕ ၿဗိတိန္တို႔ တစ္ဝက္စီပိုင္ ဆိုင္ဖို႔ျဖစ္လာခဲ့ရာမွာ ဘယ္လ္ဂ်ီ ယမ္ဟာ ကြန္ဂိုထြက္ရွိမယ့္ သယံ ဇာတေတြကို အပိုင္ႀကံဖို႔ ရည္႐ြယ္ ခ်က္နဲ႕ ျပဳျပင္တည္ေဆာက္မႈေတြ ဆက္တိုက္လုပ္ခဲ့ပါတယ္။
ဘယ္လ္ဂ်ီယံဘုရင္လီယို ပိုလ္ II ဟာ ကြန္ဂိုမွာ ဘယ္လ္ဂ်ီ ယမ္ရဲ႕ ေဆာင္႐ြက္ခ်က္ေတြကို အသိေပးခ်င္တဲ့အတြက္ ကြန္ဂို ျမစ္နားက ဆိပ္ကမ္းၿမိဳ႕ ဘိုမာကို လာဖို႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ကေန တစ္ဆင့္ ဂြၽန္ကိုဖိတ္ၾကားခဲ့ေပ မယ့္ ဂြၽန္က ျငင္းပယ္ခဲ့ပါတယ္။ အေမရိကန္သံတမန္တစ္ေယာက္ျဖစ္တဲ့ ေဂ်ာ့ခ်္ဝါရွင္တန္ဝီလ်ံဟာ ဂြၽန္က တာဇံျဖစ္တယ္ဆိုတာ သိ ထားတဲ့အတြက္ ဘယ္လ္ဂ်ီယမ္ ေတြဟာ ကြန္ဂိုမွာ မသကၤာစရာ ေတြလုပ္ေနတဲ့ အေၾကာင္းေျပာျပ ခဲ့ၿပီး ဖိတ္ၾကားမႈကို လက္ခံဖို႔ တိုက္တြန္းခဲ့ပါတယ္။
ကြန္ဂိုခရီးစဥ္ဟာ အႏၱရာယ္ မ်ားတဲ့အတြက္ ဂြၽန္က ဂ်ိန္းကို မ လိုက္ေစခ်င္ေပမယ့္လည္း ေနာက္ ဆုံးမွာေတာ့ ဂြၽန္၊ ဂ်ိန္းနဲ႕ ဝီလ်ံတို႔ သုံးေယာက္အတူသြားခဲ့ၾကပါ တယ္။ အဲဒီေနာက္ အာဖရိကမ်ိဳး ႏြယ္စု႐ြာေလးတစ္႐ြာကို ေရာက္ခဲ့ၿပီး ညဘက္တစ္႐ြာလုံးအိပ္ေမာ က်ေနတုန္း ဘယ္လ္ဂ်ီယံသံတ မန္႐ြမ္နဲ႕ ေၾကးစားစစ္သားေတြ ဟာ ႐ြာကိုဝင္စီးၿပီး ဂြၽန္နဲ႕ ဂ်ိန္းကို ျပန္ေပးဆြဲဖို႔ လုပ္ခဲ့ကာ ဂ်ိန္းနဲ႕ ႐ြာ သားအခ်ိဳ႕ကို ဖမ္းသြားခဲ့ပါေတာ့ တယ္။ေနာက္ရက္မွာေတာ့ ႐ြာသားေတြအကူအညီနဲ႕ ဂြၽန္နဲ႕ ဝီလ်ံတို႔ဟာ ဘယ္လ္ဂ်ီယံ စစ္တပ္က ရထားေပၚခိုးလိုက္သြားတဲ့အခါ ရထားတြဲထဲမွာ လူေတြဖမ္းေခၚ လာတာေတြ႕ခဲ့တာမို႔ ဘုရင္လီယို ပိုလ္ရဲ႕ အႀကံအစည္ေတြကိုသိခဲ့ ႐ုံတင္မက ႐ြမ္ဟာ စိန္ေတြေရာင္း ၿပီး ကြန္ဂိုကို ထိန္းခ်ဳပ္နိုင္ဖို႔ စစ္ တပ္အားခ်ဲ့ထြင္ဖို႔ လုပ္ေနတာ ေတြပါသိရွိခဲ့ပါေတာ့တယ္။ ဂြၽန္နဲ႕ ဝီလ်ံတို႔ ခရီးဆက္ၾကတဲ့အခါ ေတာထဲမွာ ဂြၽန္ရဲ႕ ေမ်ာက္ဝံညီအစ္ကို အကတ္နဲ႕ ဆုံခဲ့ၿပီး အကတ္က ေမ်ာက္ဝံေခါင္းေဆာင္ျဖစ္ေနတာပါ။ အဲဒီေနာက္ ဂြၽန္နဲ႕ အကတ္တို႔ရင္ဆိုင္တိုက္ခိုက္ၾကရာမွာ ဂြၽန္ ရႈံးနိမ့္ခဲ့ပါတယ္။
ဂ်ိန္းကလည္း ႐ြမ္လက္က လြတ္ေအာင္ထြက္ေျပးရင္း ေမ်ာက္ဝံအုပ္ထဲကို ေရာက္သြားတာ ေၾကာင့္ ႐ြမ္ရဲ႕ လူေတြက ေမ်ာက္ဝံေတြအမ်ားႀကီးကို ေသနတ္နဲ႕ပစ္ သတ္ခဲ့ပါတယ္။ ဂြၽန္ဟာ က်န္တဲ့ ေမ်ာက္ဝံေတြကို ကယ္ဆယ္ခဲ့ၿပီး အကတ္နဲ႕လည္း ျပန္လည္အဆင္ ေျပခဲ့ပါတယ္။ ကြန္ဂိုကို အပိုင္ႀကံ ဖို႔ လုပ္ေနတဲ့ လီယိုပိုလ္ရဲ႕ မသမာမႈေတြကို ဘယ္လိုေဖာ္ထုတ္မွာ လဲ။ ကြန္ဂိုကို ထိန္းခ်ဳပ္မယ့္ တပ္ ေတြကို ဘယ္လိုႏွိမ္နင္းမွာလဲ။ ဂြၽန္က တာဇံအျဖစ္ ဇာတ္သိမ္းမလား၊ ဂြၽန္ကေလတန္အျဖစ္ ဇာတ္သိမ္း မွာလားဆိုတာေတာ့ ကိုယ္တိုင္ပဲ ဇာတ္လမ္းအရသာအျပည့္အဝခံ စားရင္း ဆက္ၾကည့္ဖို႔ ၫႊန္းေပး လိုက္ပါတယ္။
ဒီဇာတ္ကားမွာ တာဇံ၊ ဂြၽန္ ကေလတန္ III၊ ေလာ့ဒ္ဂေရးစ တုတ္အျဖစ္ အလက္ဇႏၵားစကားစ္ဂတ္၊ ဂ်ိန္းေပၚတာအျဖစ္ မာေဂါ့ ေရာ္ဘီ၊ ေဂ်ာ့ခ်္ဝါရွင္တန္ဝီလ်ံအ ျဖစ္ ဆင္ျမဴရယ္အယ္လ္ဂ်က္ဆင္ တို႔က ေခါင္းေဆာင္ပါဝင္ထားၾက ပါတယ္။
အၫႊန္းကိုေတာ့ 7daydaily မွကူးယူေဖာ္ျပထားျခင္းျဖစ္ပါတယ္။
File Size – 1.74 GB
Quality- BluRay 1080p 6CH
Running Time – 1hr 49min
Format – mkv
Genre – Action, Adventure, Drama
Translator – Ye Thway Aung
Encoder – K#/4nt_M1nn_K0




Credit






File size -1.75GB
ဒီမွာေဒါင္းပါ-https://mm1ink.info/j1XjCcU










မေဒါင္းတတ္ရင္ ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ
👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1
   







Share this article :

Post a Comment

The Dustwalker (2019)

(unicode) The Dustwalker (2019) လူသူအရောက်အပေါက်နည်းပြီး လူဦးရေလည်းနည်းတဲ့ မြို့ငယ်လေးတမြို့ကို နောက်ခံထားပြီးရိုက်ထားတဲ့ဇာတ်ကားပါ။ မ...

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Channel [2] - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger