(unicode)
Taxiwaala (2018)
=============
Taxiwaala (2018)
=============
IMDb Rating :: :: 7.5/10
Google Users :: :: 95%
Google Users :: :: 95%
ဒီကားလေးက တမီးလ်နာဒူးပြည်နယ်ကမင်းသားချော ဗီဂျေးရဲ့ 2018 မှာ ထွက်ခဲ့တဲ့ ကားကောင်းတွေထဲက တစ်ကားပါ။
ပထမ ရုံမတင်ခင် အွန်လိုင်းပေါ် ပျံ့သွားခဲ့ဖူးဖူးပေမဲ့ခုချိန်မှ စာအမှန်တက်လာခဲ့တာပါ။
ဇာတ်ကားနာမည်က Taxiwala ။ ဟုတ်တယ်။
နာမည်အတိုင်းပဲ တက္ကစီမောင်းသမားတစ်ယောက်ကြုံတွေ့ရတဲ့ အဖြစ်အပျက်တစ်ခုအကြောင်းကို ရိုက်ပြထားတာ။
ဘာတွေထူးခြားလဲ။ ဟုတ်ကဲ့. . .
ခေါင်းဆောင်မင်းသားကArjun Reddy တို့ Getha Govinda တို့မှာ သရုပ်ဆောင်တဲ့ နောက်တက်မင်းသား Vijay Deverakonda(ဗီဂျေး ဒီဗာရာကွန်ဒါ) ပါ။
အရှေ့မှာထွက်ခဲ့ဖူးတဲ့ အဲ့ဒီနှစ်ကားကိုခံစားဖူးသူတွေက မင်းသားဗီဂျေးရဲ့ သရုပ်ဆောင်စွမ်းရည်ကို သံသယဖြစ်မယ်မထင်ပါဘူး။
ပုံမှန် အလုပ်လက်မဲ့ ကောင်လေးတစ်ယောက် ဘဝကနေ ဦးလေးဖြစ်သူ အကူအညီနဲ့ ရရာအလုပ်ကိုဝင်လုပ်ရင်းဘယ်လိုမှ အဆင်မပြေတဲ့အချိန်ကြော်ငြာဘုတ်တစ်ခုပေါ်ကတွေ့တဲ့လစာကောင်း တက္ကစီဒရိုင်ဘာဘဝကိုရောက်ခဲ့ရသူပေါ့။
တက္ကစီမောင်းရင်းနဲ့ အာနူးဆိုတဲ့မိန်းမချောလေးနဲ့လည်း မေတ္တာသက်ဝင်မိကြသေး။
ဒီအကြောင်းတွေကို ဇာတ်ကားရဲ့ပထမပိုင်း နာရီဝက်စာလောက်မှာ ကြည့်ရမှာပါ။
ဒီနေရာလောက်အထိ အချစ်ကားလို့ ထင်မိသွားတယ်။
ဒါပေမယ့် တက်တက်စင်အောင် လွဲပါတယ်။
သူအငှါးမောင်းတဲ့ ကားကတစ်ခါတစ်လေ သရဲခြောက်သလိုထူးခြားဖြစ်စဉ်တွေ ဖြစ်လာတယ်
ဒါဖြင့် သရဲကားလား။ မဟုတ်ပြန်ဘူး ခင်ဗျ။
သရဲကားဆိုရင် ဆိုင်ရာပိုင်ရာပုဂ္ဂိုလ်တွေကို ခေါ်မယ်။ ကားမှာစွဲကပ်နေတဲ့ သရဲတစ္ဆေကို မောင်းထုတ်မယ်။ဇာတ်သိမ်းမယ်။
ဒီလိုဇာတ်လမ်းတွေက ရိုးအီလာလို့ ထင်ပါရဲ့။
တစ်နာရီနောက်ပိုင်းလည်း ရောက်ရော. . .
ဇာတ်လမ်းက ဖြတ်ကနဲ့ သိပ္ပံနယ်လွန်ဘက်ကို ကူးပြောင်းသွားပြန်ရော. . .။
ဝိညာဉ်ခွဲ(အရပ်အခေါ် လိပ်ပြာခွဲ)တာတွေ၊ သိပ္ပံနည်းကျ ကောက်နှုတ်ချက်တွေ၊သဘာဝအလွန်က အဖြစ်အပျက်တွေကမူရင်း ဇာတ်လမ်းကျောရိုးထဲကိုခုန်ပေါက် ကဆုန်စိုင်းပြီး ဝင်လာတယ်။
ဟိုတစ်စ ဒီတစ်စ ဆက်စပ်မရသလိုမျိုးမဟုတ်ဘူးနော်။
မထင်မှတ်တဲ့ ဇာတ်လမ်းအလှည့်မပြောင်းကြောင့် မူလဘူတ ဦးတည်လာတဲ့ဇာတ်လမ်းကျောရိုးကနေဖြောင့်ဖြောင့်ကြီး ခွဲထွက်ပြသွားတာ။
ဇာတ်ကားဟာ ကြောက်မက်ဖွယ်၊ သည်းထိတ်ရင်ဖိုနဲ့ဟာသလေးတွေလည်း နှောထားတဲ့အတွက်ကြည့်ရှုရတာ ပျင်းမနေစေပါဘူး။
မင်းသားနဲ့အတူ ဇာတ်လမ်းကို ပိုလှရှိစေဖို့အားဖြည့်ထားတာကတော့ မင်းသမီးချော ပရီယန်ကာပါ။(ဘောလိဝုဒ်က ပရီယန်ကာမဟုတ်ပါ)
(အညွန်းနဲ့ ဘာသာပြန်ကတော့ Myin Thu နဲ့ Nyi Nyi Koe တို့ ညီအစ်ကိုပါ)
Translated by Myint Thu & Nyi Nyi Koe (MLMC)
Encoded by Thanhtike Zaw
Encoded by Thanhtike Zaw
Credit
မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ
👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1
👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1
(zawgyi)
Taxiwaala (2018)
=============
Taxiwaala (2018)
=============
IMDb Rating :: :: 7.5/10
Google Users :: :: 95%
Google Users :: :: 95%
ဒီကားေလးက တမီးလ္နာဒူးျပည္နယ္ကမင္းသားေခ်ာ ဗီေဂ်းရဲ႕ 2018 မွာ ထြက္ခဲ့တဲ့ ကားေကာင္းေတြထဲက တစ္ကားပါ။
ပထမ ႐ုံမတင္ခင္ အြန္လိုင္းေပၚ ပ်ံ့သြားခဲ့ဖူးဖူးေပမဲ့ခုခ်ိန္မွ စာအမွန္တက္လာခဲ့တာပါ။
ဇာတ္ကားနာမည္က Taxiwala ။ ဟုတ္တယ္။
နာမည္အတိုင္းပဲ တကၠစီေမာင္းသမားတစ္ေယာက္ႀကဳံေတြ႕ရတဲ့ အျဖစ္အပ်က္တစ္ခုအေၾကာင္းကို ရိုက္ျပထားတာ။
ဘာေတြထူးျခားလဲ။ ဟုတ္ကဲ့. . .
ေခါင္းေဆာင္မင္းသားကArjun Reddy တို႔ Getha Govinda တို႔မွာ သ႐ုပ္ေဆာင္တဲ့ ေနာက္တက္မင္းသား Vijay Deverakonda(ဗီေဂ်း ဒီဗာရာကြန္ဒါ) ပါ။
အေရွ႕မွာထြက္ခဲ့ဖူးတဲ့ အဲ့ဒီႏွစ္ကားကိုခံစားဖူးသူေတြက မင္းသားဗီေဂ်းရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္ကို သံသယျဖစ္မယ္မထင္ပါဘူး။
ပုံမွန္ အလုပ္လက္မဲ့ ေကာင္ေလးတစ္ေယာက္ ဘဝကေန ဦးေလးျဖစ္သူ အကူအညီနဲ႕ ရရာအလုပ္ကိုဝင္လုပ္ရင္းဘယ္လိုမွ အဆင္မေျပတဲ့အခ်ိန္ေၾကာ္ျငာဘုတ္တစ္ခုေပၚကေတြ႕တဲ့လစာေကာင္း တကၠစီဒရိုင္ဘာဘဝကိုေရာက္ခဲ့ရသူေပါ့။
တကၠစီေမာင္းရင္းနဲ႕ အာႏူးဆိုတဲ့မိန္းမေခ်ာေလးနဲ႕လည္း ေမတၱာသက္ဝင္မိၾကေသး။
ဒီအေၾကာင္းေတြကို ဇာတ္ကားရဲ႕ပထမပိုင္း နာရီဝက္စာေလာက္မွာ ၾကည့္ရမွာပါ။
ဒီေနရာေလာက္အထိ အခ်စ္ကားလို႔ ထင္မိသြားတယ္။
ဒါေပမယ့္ တက္တက္စင္ေအာင္ လြဲပါတယ္။
သူအငွါးေမာင္းတဲ့ ကားကတစ္ခါတစ္ေလ သရဲေျခာက္သလိုထူးျခားျဖစ္စဥ္ေတြ ျဖစ္လာတယ္
ဒါျဖင့္ သရဲကားလား။ မဟုတ္ျပန္ဘူး ခင္ဗ်။
သရဲကားဆိုရင္ ဆိုင္ရာပိုင္ရာပုဂၢိဳလ္ေတြကို ေခၚမယ္။ ကားမွာစြဲကပ္ေနတဲ့ သရဲတေစၦကို ေမာင္းထုတ္မယ္။ဇာတ္သိမ္းမယ္။
ဒီလိုဇာတ္လမ္းေတြက ရိုးအီလာလို႔ ထင္ပါရဲ႕။
တစ္နာရီေနာက္ပိုင္းလည္း ေရာက္ေရာ. . .
ဇာတ္လမ္းက ျဖတ္ကနဲ႕ သိပၸံနယ္လြန္ဘက္ကို ကူးေျပာင္းသြားျပန္ေရာ. . .။
ဝိညာဥ္ခြဲ(အရပ္အေခၚ လိပ္ျပာခြဲ)တာေတြ၊ သိပၸံနည္းက် ေကာက္ႏႈတ္ခ်က္ေတြ၊သဘာဝအလြန္က အျဖစ္အပ်က္ေတြကမူရင္း ဇာတ္လမ္းေက်ာရိုးထဲကိုခုန္ေပါက္ ကဆုန္စိုင္းၿပီး ဝင္လာတယ္။
ဟိုတစ္စ ဒီတစ္စ ဆက္စပ္မရသလိုမ်ိဳးမဟုတ္ဘူးေနာ္။
မထင္မွတ္တဲ့ ဇာတ္လမ္းအလွည့္မေျပာင္းေၾကာင့္ မူလဘူတ ဦးတည္လာတဲ့ဇာတ္လမ္းေက်ာရိုးကေနေျဖာင့္ေျဖာင့္ႀကီး ခြဲထြက္ျပသြားတာ။
ဇာတ္ကားဟာ ေၾကာက္မက္ဖြယ္၊ သည္းထိတ္ရင္ဖိုနဲ႕ဟာသေလးေတြလည္း ေႏွာထားတဲ့အတြက္ၾကည့္ရႈရတာ ပ်င္းမေနေစပါဘူး။
မင္းသားနဲ႕အတူ ဇာတ္လမ္းကို ပိုလွရွိေစဖို႔အားျဖည့္ထားတာကေတာ့ မင္းသမီးေခ်ာ ပရီယန္ကာပါ။(ေဘာလိဝုဒ္က ပရီယန္ကာမဟုတ္ပါ)
(အၫြန္းနဲ႕ ဘာသာျပန္ကေတာ့ Myin Thu နဲ႕ Nyi Nyi Koe တို႔ ညီအစ္ကိုပါ)
Translated by Myint Thu & Nyi Nyi Koe (MLMC)
Encoded by Thanhtike Zaw
Encoded by Thanhtike Zaw
Credit
မေဒါင္းတတ္ရင္ ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ
👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1
👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1



Post a Comment