Adsm
Latest Movies :
Home » » Kung Fu Panda 3 (2016)
Kung Fu Panda 3 (2016)
(unicode)
Kung Fu Panda 3 (2016) မြန်မာစာတန်းထိုး
-------------------------------------------------------
Storyline
Dragon Warrior ကြီး Po ဟာ သူ့အဖေနဲ့ ပြန်တွေ့ခဲပြီး Panda တွေနေတဲ့ လျှို့ဝှက်ရွာလေးဆီကို ရောက်သွားပါတယ်။ အဲအချိန်မှာဘဲ ကြမ်းလှပါတယ်ဆိုတဲ့ Kai ဆိုတဲ့သူ သေရွာကပြန်လာပြီး တရုတ်ပြည်မှာ ရှိသမှျှ Kung Fu Master တွေကို လိုက်ရှင်းနေလေတော့ သူနဲ့သူ့ရွာကို ကာကွယ်ဖို့အတွက် Po ဟာ သူ့ရွာက မလုပ်တတ်မကိုင်တတ် Panda တွေကို သိုင်းသင်ပေးဖို့ဖြစ်လာပါတော့တယ်။
Review
Kung Fu Panda 3 ဟာ ဇာတ်လမ်းမရှိပါဘူး။ အပေါ်မှာရေးထားတဲ့ နှစ်ကြောင်း သို့မဟုတ် Trailer ကြည့်လိုက်ရင် ဇာတ်လမ်းတစ်ခုလုံးပြီးသွားပါလိမ့်မယ်။ Visual ပိုင်းမှာ Kung Fu Panda 3 ဟာ တော်တော်လေးကိုတိုးတက်လာပါတယ်။ အထူးသဖြင့် စစချင်း ၁၀ မိနစ်လောက်ပေါ့။ 3D တွေဆိုတာ ရုပ်ရှင်ဘယ်လိုကြည့်ကြည့် မမူးတဲ့ကျော်တောင် မူးချင်သလိုဖြစ်လာတဲ့အထိကို ကြမ်းတယ်။ 3D detail တွေက နည်းတမဟုတ်ဘူး။ စစကြည့်တုန်းက ဒီလို detail မျိုးက Zootopia မှာတောင် မရှိဘူးပေါ့။ သို့ပေမဲ့ ခဏပါပဲ။ နောက်ပိုင်းမှာ ပြန်လျှော်ထားတယ်။ ဘာမှမသိသာတော့ဘူး။ ဒါပေမဲ့ ဆွဲထားတဲ့ art နဲ့ detail တွေကတော့ တော်တော်လှတယ်။ နောက် ဒီကားရဲ့ သဘောအကျဆုံးကတော့ နောက်ခံတေးပဲ။ Theme song က တရုတ်နဲ့ cowboy ရောထားသလိုပဲ။ တိုက်ရင်းခိုက်ရင်း အဲသီချင်းလေးကြားလိုက်ရတာ တော်တော် မိုက်တယ်။
Kung Fu Panda ကားတွေထဲမှာ ကြိုက်တာ အထဲက စကားတွေပါ။ တရားရအောင် အမျိုးမျိုးပြောတတ်တယ်။ ပညာလည်း ရတယ်။ ပြောင်တာ ပြက်တာတွေကလည်း တော်တော်ရယ်ရတယ်။ ဒီကားမှာလည်း အဲလိုပဲ။ ဒါပေမဲ့ ဒီလောက်ပါပဲ။ ဇာတ်လမ်းပိုင်းမှာ ထူးခြားဆန်းသစ်တာ အဲ့သြလောက်စရာဆိုတာ မပါဘူး။ တိုက်တာခိုက်တာတွေကလည်း ကြည့်ကောင်းတယ်ဆိုပေမဲ့ အရင် နှစ်ကား၊ အထူးသဖြင့် (၂) မှာ သေချာကြည့်ထားရလို့ မထူးခြားတော့ဘူး။ ကြမ်းလှ ရမ်းလှပါပေတယ်ဆိုတဲ့ ရန်သူကိုအထင်သေးတဲ့ Villain တွေပေါ်လာပြီး ဘာမှမလုပ်တတ်မကိုင်တတ်တဲ့ပုံနဲ့ အူကြောင်ကြောင် Po ကို ရှုံးသွားကြတာကလည်း မထူခြားတော့ဘူး။ နောက် Downtime တွေများတယ်။ Zootopia လိုမျိုး အမြဲဆွဲမထားနိုင်ဘူး။ နောက်ခါတိုင်းလိုပဲ Jackie Chan တို့ ဘာတို့ cast ထဲပါတယ်ဆိုပေမဲ့ အသံလည်း ပါတယ်ဆိုရုံပဲ။ Angelina Jolie အသံပဲ နည်းနည်းပိုပါတယ်။
Panda 3 ဟာ တော်တော်ကြည့်ကောင်းတဲ့ ကားတစ်ကားပါ။ ကြည့်နေတဲ့သူတွေကို ရယ်မောအောင် ပျော်ရွှင်အောင် အမောပြေအောင်လုပ်နိုင်တယ်။ တရားရအောင်လည်း လုပ်နိုင်တယ်။ message တွေလည်းပေးတယ်။ သို့ပေမဲ့ ဒီလိုပဲ Sequel ကောင်းတစ်ကားထက်တော့ မပိုပါဘူး။ ဒီကားမှာသူ့အဖေနဲ့ panda တွေကို ပြန်တွေ့တယ်လို့ လုပ်ထားတော့ ဇာတ်လမ်းရှိသွားပေမဲ့ ကျွန်တော့်အမြင်တော့ နောက် (၄) ထပ်ရိုက်ဖို့ မလိုတော့ပါဘူး။ ကြည့်စရာလည်း အထူးအဆန်းမရှိတော့ပါဘူး။
ကဲပိတ်သတ်ကြီးရဲ့ ထင်မြင်ချက်လေးတွေ မန့်သွားကြပါအူး။
Admin KPK
Ratings:
IMDB: 7.5
Rotten Tomatoes: 86%
အညွှန်းကိုတော့ DatShin Facebook Page မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။
File Size – 1.51 GB
Quality- Blu Ray 1080p 6CH
Running Time – 1hr 35min
Format – mkv
Genre – Action, Adventure, Animation
Subtitle – Myanmar (Hard Sub)
Translator – Aung Myint Oo
Encoded By – Boogeyman
Credit
File size -1.52GB
ဒီမှာဒေါင်းပါ -https://mm1ink.info/sLwat1
မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ
👇👇👇👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1
(zawgyi)
-------------------------------------------------------
Storyline
Review
Admin KPK
Ratings:
IMDB: 7.5
Rotten Tomatoes: 86%
File Size – 1.51 GB
Running Time – 1hr 35min
Format – mkv
Encoded By – Boogeyman
Credit
File size -1.52GB
👇👇👇👇👇👇👇👇
Share this article :
Post a Comment
The Dustwalker (2019)
(unicode) The Dustwalker (2019) လူသူအရောက်အပေါက်နည်းပြီး လူဦးရေလည်းနည်းတဲ့ မြို့ငယ်လေးတမြို့ကို နောက်ခံထားပြီးရိုက်ထားတဲ့ဇာတ်ကားပါ။ မ...
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Channel [2] - All Rights Reserved
Template Modify by Creating Website
Proudly powered by Blogger