(unicode)
The Nun (2018)
မြန်မာစာတန်းထိုး
===================
The Nun (2018)
မြန်မာစာတန်းထိုး
===================
[Blu-Ray Update]
The Nun Blu-Ray ကြည်တောက်ဗားရှင်း
ထွက်ရှိလာလို့ Update ပေးလိုက်ပါတယ်။
ထွက်ရှိလာလို့ Update ပေးလိုက်ပါတယ်။
DatShin Review: The Nun (2018)
Horror, Thriller
…
Plot
Romania နိုင်ငံအစွန်အဖျား တောတောင်တွေထဲမှာ ရှေးဟောင်းရဲတိုက်ကြီးတစ်ခုရှိတယ်။ ရဲတိုက်ကြီးမှာ နေထိုင်ကြတဲ့ သီလရှင်တစ်ပါး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်ဆိုတဲ့ သတင်းရတဲ့အတွက် ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့အတွက် Vatican ဟာ ဘုန်းတော်ကြီးတစ်ပါးနဲ့ သီလရှင်တစ်ပါးတို့ကို စေလွှတ်ခဲ့ရာက သာမန် လူသေမှုထက် အများကြီးဆိုးရွားတဲ့ ကိစ္စတွေကို တွေ့ရှိလာရပါတယ်။
Review
သရဲကားတွေထဲမှာ အအောင်မြင်ဆုံးနဲ့ လူကြိုက်အများဆုံး Franchise လို့ပြောလု့ိရတဲ့ The Conjuring Universe ရဲ့ နောက်ဆုံးထွက် ရုပ်ရှင်ကား။ ပွဲဦးထွက် weekend မှာလည်း Franchise အတွင်းဝင်ငွေစံချိန်ချိုးခဲ့တဲ့ The Nun ရုပ်ရှင်ဟာ တကယ်တမ်း quality ပိုင်းမှာတော့ ကျန်တဲ့ကားတွေကို တစ်ကားမှ မမီခဲ့တာတွေ့ရပါတယ်။
အဓိကကတော့ တစ်ကားလုံးနီးပါး ဇာတ်လမ်းဇာတ်အိမ် ခိုင်မာမှုမရှိတာလို့ ပြောရပါမယ်။ ဖြည့်တွေးကြည့်လို့ story လေးကောင်းပုံထောက်တယ်ဆိုရင်တောင် storytelling လည်းတော်တော်ကို အားနည်းတယ်။ ရဲတိုက်ကြီးဆီရောက်ကတည်းက ဖြစ်တာပျက်တာတွေအားလုံးနီးပါးက အတည်တကျ ဦးတည်ချက်မရှိဘဲ ဖရိုဖရဲဖြစ်နေခဲ့တယ်။ ဟိုနေရာခြောက်ပြန်ပဟ၊ ဒီနေရာခြောက်ပြန်ပဟ၊ သရဲဆွဲပြန်ပဟ၊ ရုံထဲက မိန်းကလေးတွေလည်း အလကားနေရင်း အော်ပြန်ပဟ။ ပိုဆိုးတာကတော့ ဒီလိုခြောက်လှန့် ပြဿနာရှာတာတွေရဲ့ရည်ရွယ်ချက်က မသဲကွဲတာပဲ။ လုပ်တော့ လုပ်နေတယ်၊ ဘာဖြစ်ချင်တာလဲ၊ ဘာလုပ်ချင်တာလဲ၊ သတ်ချင်တာလား၊ ခြောက်ချင်တာလား သိပ်မသဲကွဲဘူး။ ကိုယ်ထိလက်ရောက် လုပ်ရင်လည်း ဝုန်းဒိုင်းကြဲနေပေမဲ့ မလုပ်ချင်ရင်လည်း အဲဒီဝတ်ရုံခေါင်းပေါင်းကြီးဝတ်ပြီး လျှောက်သွားနေလိုက်၊ ဘုရားစာဆိုနေလိုက်နဲ့ပဲ။ ဇာတ်သိမ်းခါနီးမှာဆို ဘယ်သူက ဘယ်ရောက်ပြီး ဘယ်ကပြန်ရောက်လာမှန်းမသိအောင်လည်းဖြစ်။ နောက် သရဲကားလား zombie လားကား မေးစရာလည်းဖြစ်။ ဥပမာ လက်ဝါးကပ်တိုင်ကြီး ခေါင်းမှာကပ်ရင်း ဘုရားစာဆိုနေတာတောင် မဖြုံတဲ့ undead က နှစ်လုံးပြူးတော့ ကြောက်သား။
ကောင်းတဲ့အပိုင်းတွေဆိုရင်တော့ သရုပ်ဆောင်ပိုင်း မိုက်တယ်။ (Sister Irene နေရာက သရုပ်ဆောင်တဲ့ မင်းသမီး Taissa Farmiga က The Conjuring ထဲက Lorraine Warren အဖြစ်သရုပ်ဆောင်တဲ့ မင်းသမီး Vera Farmiga ရဲ့ ညီမလည်းဖြစ်တယ်)။ Mood တွေ၊ set တွေလည်း မဆိုးဘူး။ လူကို ခြောက်ခြားနိုင်ဖို့ တော်တော်လေး လုပ်ထားနိုင်တယ်။ တချို့ ရိုက်ချက်တွေ တော်တော်လေး လှတယ်။ တစ်ခုရှိတာက ဇာတ်လမ်းက အဲလောက်ခြောက်ခြားအောင် မလုပ်နိုင်ဘဲ jumpscare တွေလောက်နဲ့ပဲ ပြီးသွားတော့ ဒီ set တွေ mood တွေလည်း အဲလောက် အရာမရောက်ခဲ့သလိုတော့ဖြစ်သွားတယ်။
တကယ်တမ်းဆို The Nun ဇာတ်လမ်းက တော်တော်ကြီးပြီး ကြမ်းလည်းကြမ်းတယ်လို့ ပြောလို့ရတယ်။ အရင်ထွက်ခဲ့တဲ့ Conjuring ကားတွေထက် ပိုကြမ်းလို့ရတယ်။ ဒါပေမဲ့ Budget နည်းတယ်ပဲပြောရမလား၊ ဇာတ်လမ်းတည်ဆောက်မှုတွေ တင်ဆက်မှုတွေ အားနည်းတော့ လူတွေသိချင်၊ မြင်ချင်ကြတဲ့ သီလရှင်ကြီးအကြောင်းက waste ဖြစ်ပြီး သူ့ Origin story ကို သေချာမြင်အောင်၊ ရင်ထဲစွဲအောင် မပြနိုင်ခဲ့ဘူးဖြစ်သွားတယ်။ ဘာလာလာကြောက်မယ်၊ အော်မယ်ဆိုတဲ့ သရဲကားကြိုက်သူတွေတော့ အဆင်ပြေနိုင်ပေမဲ့ horror ကားကောင်းကောင်းအရသာခံ ကြည့်ချင်သူတွေအတွက်တော့ စိတ်တိုင်းကျမှာ မဟုတ်လောက်ပါဘူး။
DarShin: 2/5
IMDb: 5.9/10
Rotten Tomatoes: 26%
IMDb: 5.9/10
Rotten Tomatoes: 26%
ရုပ်ရှင်အညွှန်းကို DatShin page မှ ကူးယူဖော်ပြထားပြီး ဘာသာပြန်သူကတော့
ကို John La Yaung ပါ။
ကို John La Yaung ပါ။
Translated by John La Yaung
Encoded by Myo Khant
Encoded by Myo Khant
Credit
File Size -871MB
ဒီမှာဒေါင်းပါ-https://mm1ink.info/P3iRFB
ဒီမှာဒေါင်းပါ-https://mm1ink.info/P3iRFB
မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ
👇👇👇👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1
👇👇👇👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1
(zawgyi)
The Nun (2018)
မြန်မာစာတန်းထိုး
===================
The Nun (2018)
မြန်မာစာတန်းထိုး
===================
[Blu-Ray Update]
Horror, Thriller
…
Plot
DarShin: 2/5
IMDb: 5.9/10
Rotten Tomatoes: 26%
IMDb: 5.9/10
Rotten Tomatoes: 26%
ကို John La Yaung ပါ။
ကို John La Yaung ပါ။
Encoded by Myo Khant
Encoded by Myo Khant
Credit
File Size -871MB
👇👇👇👇👇👇👇👇
👇👇👇👇👇👇👇👇
Post a Comment